‘‘အလုပ်လုပ်တဲ့နေရာမှာသူ က တော်တော်လေးရူးသွပ်တယ်။ လေ့လာမှုအားကောင်းတယ်လို့ မြင်တယ်’’ ဟု နေရွှေသွေးအောင် နှင့် ပတ်သက်၍ နေတိုးက၎င်း၏ အမြင်ကိုပြောသည်။
နေရွှေသွေးအောင်က လက် ရှိအနုပညာလောကတွင် နေတိုး သည် ၎င်းအကြိုက်ဆုံးမင်းသား တစ်ဦးဖြစ်ကြောင်း ၎င်းထံသို့ပေး ပို့သော မေးခွန်းများ ဖြေကြား သည့် ဗီဒီယိုဖိုင်တွင် ပြောကြား ထားသည်။
‘‘သူ (နေတိုး) က ကျွန်တော် နားလည်ထားသလောက်မူးယစ် ဆေးဝါးကင်းတယ်၊ မိန်းမကိစ္စ ကင်းတယ်၊ ငွေကြေးအရှုပ်အ ရှင်းလည်းကင်းတယ်၊ အလုပ် ချိန်လည်း မှန်တယ်လို့ပြော တယ်။ အလုပ်လုပ်တဲ့အခါမှာ လည်း သူ့ရဲ့လုပ်ပိုင်ခွင့်ရော၊ တ ခြားသူနဲ့မဆိုင်တဲ့အလုပ်တွေရော မှာဝင်ပြီး ကူညီတတ်တယ်လို့ ကျွန်တော်ကြားတယ်’’ ဟု နေတိုး နှင့် ပတ်သက်၍ နေရွှေသွေး အောင်က အင်တာဗျူးတွင်ဖြေ ကြားထားသည်။
နေရွှေသွေးအောင်သည် အ နုပညာလှုပ်ရှားမှုများအနေဖြင့် နိုင်ငံတကာအဆိုတော်များ၏ သီ ချင်းများကို Cover သီဆို၍ Music Video များရိုက်ကူးကာ အွန်လိုင်းကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။
သီချင်းသီဆိုခြင်းထက် သ ရုပ်ဆောင်ခြင်းကို ပို၍၀ါသနာ ပါကြောင်း ၎င်း၏အင်တာဗျူး တွင် ဖြေကြားထားပြီးထပ်မံလုပ် ဆောင်မည့် အလုပ်များနှင့်ပတ် သက်၍ စောင့်ကြည့်ပေးစေလို ကြောင်း ပြောကြားထားသည်။
No comments:
Post a Comment