
လမ်းမီးတိုင်တွေ ကျိုးကျခဲ့တာကြောင့် ကျေးရွာအတွင်း မီးပျတ်တောက်မှုတွေ ကြုံနေရသလို မီးတိုင်ဝယ်ယူစဉ်က တတိုင်ကို သုံးသိန်းလောက် ပေးဝယ်ခဲ့ရတာကြောင့် ပြန်လည်ဝယ်ယူဖို့နဲ့ ပြန်လည်ပြင်ဆင်ဖို့ရာ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံ ဦးမျိုးမြင့်လေး က ပြောပါတယ်။
ဒေသခံ ဦးကျော်လှိုင်က “လေက အရမ်းတိုက်တာဆိုတော့ အိမ်က ပြိုကျခဲ့တယ်။ သားအမိသားအဖ အသက်ဘေးက မနည်းလွတ်အောင်ပြေးခဲ့ရတယ်။ ခုချိန်က ပိုက်ဆံရှားပါးတဲ့ အချိန်ဆိုတော့ အိမ်ပြန်ဆောက်ဖို့ အခက်အခဲဖြစ်နေရတယ်” လို့ ဆိုပါတယ်။
အဲဒီကျေးရွာမှာ လက်ရှိမှာ သောက်သုံးရှားပါးမှုဒဏ် ခံနေရတဲ့ ကျေးရွာတရွာဖြစ်ပြီး ဒေသခံအများစုကလည်း လက်လုပ်လက်စားတွေ ဖြစ်တဲ့အတွက် ပျက်စီးသွားခဲ့တဲ့ အိမ်တွေကို ပြင်ဆင်ဖို့ ငွေကြေးအခက်အခဲရှိနေကြပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ကူညီထောက်ပံ့ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
လေးပြင်းတိုက်ခတ်တာကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၅၀ ကျော် လောက်ရှိခဲ့ပြီး လူနဲ့ တိရစ္ဆာန်ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
No comments:
Post a Comment