
မြန်မာနိုင်ငံမှာ အားကစား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကစားဇုန်တွေ ပေါ်ထွက်လာဖို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာဖို့နဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာဖို့ စတဲ့ ရည်ရွယ်တွေနဲ့ အခုလို စက်ဘီးစီးနင်းတာလို့ ကိုဝင်းကိုကိုက ပြောပါတယ်။
တကိုယ်တော်စက်ဘီးစီးခရီးစဉ်မှာ ပူတာအိုကနေ ကော့သောင်းမြို့အထိ အချိန် ၄ လနဲ့ ၂၅ ရက်ကြာခဲ့ပြီး ခရီးမိုင်ပေါင်း ၃၀၀၀ ကျော်ကို ဖြတ်ကျော်စီးနင်းခဲ့တာဖြစ်ပါတယ်။ ကိုဝင်းကိုကိုဟာ ဧဝရတ်တောင်ကို မြန်မာနိုင်ငံသားတဦးအနေနဲ့ ပထမဆုံး တက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
No comments:
Post a Comment