
နမ့်ဗေးရေတံခွန်ဟာ သဘာဝရေတာဘောင်ကြောင့် အလွန်လှပတဲ့ ရေတံခွန်ဖြစ်ပြီး လူမှုစာမျက်နှာမှ လူသိများပြီး လာရောက်အပန်းဖြေကြတာပါ။ အထူးသဖြင့် အခါကြီးရက်ကြီး၊ လပြည့်လကွယ်နဲ့ ရုံးပိတ်ရက်တွေမှာ လာရောက် အပန်းဖြေ သူပိုများတယ်လို့ ဆိုပါတယ်။
လာရောက်အပန်းဖြေ ရေကစားသူတွေအတွက် အသက်အန္တရယ်မရှိဖို့ ရေနက်တဲ့ နေရာမှာ ကြိုးတန်းထားပေးပြီး စည်းကမ်းချက်တွေလည်းသတ်မှတ်ပေးပါတယ်။ အဲဒီရေတံခွန်ဟာ တောင်ကြီးမြို့မှ ကားနဲ့တနာရီကျော်ခရီးနဲ့ သွားရောက်လည်ပတ်လို့ ရပြီး နမ့်ဗေးရွာအဝင်နားမှာ ဖုန်ထူတဲ့လမ်းဖြစ်တဲ့အတွက် ဒေသခံတွေပြင်ဖို့ကြိုးစားနေပါတယ်။ တရက်တရက် လာရောက်အပန်းဖြေသူ ၂၀၀ ဝန်းကျင်ရှိပြီး ဂိတ်ပေါက်ဝမှာ အလှူခံ ထားသလို ရရှိလာတဲ့အလှူငွေကို လမ်းတွေပြုပြင်သွားမယ်လို့ ဒေသခံ တွေကပြောပါတယ်။
No comments:
Post a Comment