
ဦးစွာတိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် မြစည်းခုံပရိယတ္တိ စာသင် တိုက်ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ပရိတ်ချည်၊ ပရိတ်သဲများကို စေတီတော်ကြီးရင်ပြင်တော်၌ ပက်ဖျန်းချည်နှောင်ကြသည်။
ထို့နောက် သံဃာတော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့်စေတနာရှင် အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့ကို စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး မင်္ဂလာရထားပျံသို့ပင့်ဆောင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ ဆက်လက်၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော်မြတ်ကြီး အထွတ်သို့ ပင့်ဆောင်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment