
၂၀၀၂ ခုနှစ်မှ စတင်၍ နိုင်ငံတကာတွင် ကျင်းပခဲ့သော FREE COMIC BOOK DAY ရုပ်ပြဆိုင်ရာလှုပ်ရှားအထိမ်းအမှတ်နေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ယနေ့ကျင်းပသည်။ ရန်ကုန်မြို့ သံဈေးရှိ Yangon Book Plaza တွင် ကျင်းပခြင်းဖြစ်ပြီး၊ ရုပ်ပြရေးဆွဲသူ ပညာရှင်များ၏ ရုပ်ပြအရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ရုပ်ပြလောကအခြေအနေများကို တင်ပြဆွေးနွေးကြသည်။ အဆိုပါ FREE COMIC BOOK DAY တွင် ရုပ်ပြစာအုပ်အသစ်ကို ၂၀ရာခိုင်နှုန်းလျှော့ဈေးဖြင့်ရောင်းချပေးခြင်း၊ ရုပ်ပြစာအုပ်အချို့ကို တစ်အုပ် ၅၀၀ကျပ်ဖြင့်ရောင်းချပေးခြင်း၊ ရှားပါးရုပ်ပြစာအုပ်အဟောင်းများရောင်းချပေးခြင်း၊ ရုပ်ပြရေးဆွဲသူ White Marek မှ Comic E-Book လက်ဆောင်ပေးခြင်းနှင့် ရုပ်ပြစာအုပ် အသစ်ရရှိမည့် ဥာဏ်စမ်းGame အစီအစဉ်များလည်းပါရှိသည်။ FREE COMIC BOOK DAY အစီအစဉ်ကို Yangon Book Plaza တွင် ယနေ့နှင့် နက်ဖြန် ၂ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment