
သမ္မတက ခွင့်ပြုပေးတဲ့ ဘဏ္ဍာငွေနဲ့ လျော်ညီတဲ့ အရည်အသွေး၊ စံချိန်စံညွှန်းတွေ ကိုက်ညီဖို့ လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေတွေ သုံးစွဲဆောင်ရွက်ရာမှာ လေလွင့်ဆုံးရှုံးမှု မရှိစေဖို့ စနစ်တကျ ဆောင်ရွက်သွားကြဖို့ ပြောကြားခဲ့ပါတယ်။
တံတား တည်ဆောက်ပြီးစီးပါကလည်း ယာဉ်တွေကို တံတားခံနိုင်ဝန်နဲ့ ဖြတ်သန်းမယ့် ယာဉ်တန်ချိန်တွေ မျှတအောင် အထူးကြပ် မတ်ဆောင်ရွက်ဖို့၊ လမ်း၊ တံတားတွေ တည်ဆောက်ရာတွင် သတ်မှတ်အချိန် ကာလအတွင်း ပြီးစီးဖို့ လိုအပ်သလို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်တွေနဲ့ ကိုက်ညီလို့လိုကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်။
ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ ကြိုးစားပါဝင်ပြီး နိုင်ငံသူ နိုင်ငံသားတွေနဲ့ နောင်လာနောက်သားတွေအတွက် စံနမူနာပြဖြစ်အောင် ကြိုးစား လုပ်ဆောင်ပေးကြဖို့လည်း သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။
တနင်္သာရီမြစ်ကို ဖြတ်သန်းတည်ဆောက်မယ့် တနင်္သာရီတံတားဟာ အာဆီယံလမ်းမကြီး (AH 112) ဖြစ်တဲ့ ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်း မိုင်တိုင် (၄၉/၄)နဲ့ (၄၉/၆)အကြား မှာရှိပါတယ်။ အရှည်ပေ ၁၄၄၄ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် (တစ်ဖက်လျှင်) ၄ ပေစီရှိပြီး ခွင့်ပြုယာဉ်အလေးချိန် ၇၅ တန် နှစ်လမ်းသွား သံပေါင်၊ သံကူကွန်ကရစ် ကြမ်းခင်းတံတားဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတရဲ့ တနင်္သာရီတိုင်းခရီးစဉ်ဟာ မေ ၃ ရက်နေ့က ထားဝယ်မြို့ကနေ စတင်ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment