
မော်တော်ယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ဗညားအောင် မောင်းနှင်လာသော ယာဉ်အမှတ် BGO – 9N/ - - - - Nissan အမျိုးအစား မော်တော်ယာဉ်၏ ဦးခေါင်းဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သံဖြူဇရပ် မြို့ မရဲစခန်းထံမှ သိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်အမှတ် BGO – 9N/- - - - Nissan အမျိုးအစား မော်တော်ယာဉ်ပေါ် လိုက်ပါလာသူများအနက် ယာဉ်၏ ဦးခေါင်းပိုင်းတွင် လိုက်ပါလာသော ရေးမြို့ နယ်၊ ကော့ဒွတ်ကျေးရွာနေ လဝီအောင် (၂၁) နှစ် (ဘ) ဦးထွန်းရီ မှာ ဝဲပေါင်အရိုးကျိုးဒဏ်ရာ၊ ဝဲခြေသလုံးအရိုးကျိုးဒဏ်ရာ၊ ဦးခေါင်းယာဘက်နောက်စေ့ပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ချောင်းဆုံမြို့ နယ် ကလော့ကျေးရွာနေ မနိုင် (၃၇) နှစ် (ဘ) ဦးငွေဝင်း နှင့် ယာဉ်မောင်း ဗညားအောင်၊ ယာဉ်၏နောက်ခန်းတွင်လိုက်ပါလာကြသည့် ရေးမြို့ နယ် မော့ကနင်ကျေးရွာနေ မောင်ဇော်မိုးထက် (၁၁) နှစ် (ဘ) ဦးနေလင်းထက်၊ ချောင်းဆုံမြို့ နယ် ရွာလွတ်ကျေးရွာနေ ဦးနေလင်းထက် (ဘ) ဦးစိုးသိန်း၊ ရေးမြို့ နယ် ကုလားဂုတ်ကျေးရွာနေ မမွန် (၃၀) နှစ် (ဘ) ဦးနှိမ်၊ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် (၁၁) လမ်းနေ မောင်ခန့် ဝင်းနိုင် (၁၉) နှစ် (ဘ) ဦးမင်း၊ ရေးမြို့ နယ် နှစ်ကရင်ကျေးရွာ ဘူတာပိုင်နေ မောင်စည်သူ (၁၆) နှစ် (ဘ) ဦးမောင်သက်၊ ရေးမြို့ နယ် နှစ်ကရင်ကျေးရွာ အကွက် (၁) ပိုင်းနေ ဒေါ်စန်းမော် (၃၈) နှစ် (ဘ) ဦးလှရွှေ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သံဖြူဇရပ်မြို့ မရဲစခန်းထံမှ သိရသည်။ "ထိခိုက်ဒဏ်ရာရရှိသူတွကိုတော့ သံဖြူဇရပ်ပြည်သူ့ ဆေးရုံကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တွေက တင်ပို့ ပေးပြီးတော့ ဆေးကုသမှုခံယူနေကြပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို YGN – 4D/- - - - Mitsubishi Fuso အမျိုးအစား (၁၂) ဘီးယာဉ်မောင်းဖြစ်တဲ့ ဇော်ဝင်းဦး ကိုတော့ စခန်းမှ အမှုဖွင့် အရေးယူထားပါတယ်" ဟု သံဖြူဇရပ်မြို့ မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။ YGN – 4D/- - - - Mitsubishi Fuso အမျိုးအစား (၁၂) ဘီးယာဉ်မောင်း ဇော်ဝင်းဦးအပေါ် သံဖြူဇရပ်မြို့ မရဲစခန်းမှ ယာဉ် (ပ) ၂၄/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၄ (က) / ၃၃၈ / ၃၃၇ /၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment