
ပြင်သစ်နိုင်ငံရှိ လယ်ကွက်တစ်ကွက်ထဲကနေ တူးဖော်ရရှိခဲ့တဲ့ ရှေးခေတ် တန်ဖိုးကြီး ရတနာပစ္စည်းတွေကိုတော့ ယခုအခါ လေလံတင်ရောင်းချသွားတော့မယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ Tavers နယ်မြေရှိ လယ်သမားတစ်ဦးရဲ့ လယ်ကွက်ထဲကနေရှာတွေ့ခဲ့တဲ့ ယင်းတန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ လက်နက်တွေကတော့ ဘီစီ ၆ ရာစုခေတ်က လက်ရာပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း ရှာတွေ့ခဲ့တဲ့ ပစ္စည်းတွေကိုတော့ ပြင်သစ်တို့ရဲ့ အမျိုးသား အဖိုးတန်ရတနာပစ္စည်းတွေ ဖြစ်တယ်လို့ ပြင်သစ် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောထားပါတယ်။ အဆိုပါ ရှေးဟောင်း အဖိုးတန် ပစ္စည်းပေါင်း ၆၅ ခုကိုတော့ ယခုအခါ လေလံတင်ရောင်းချသွားတော့မှာ ဖြစ်ပြီး ကြမ်းခင်းဈေးအဖြစ် ယူရို ၅၀,ဝ၀ဝ ကနေ စတင်သတ်မှတ်သွားမယ်လို့ သိရပါတယ်။
No comments:
Post a Comment