
ရဲတပ်ဖွဲ့က တရားခံတွေ ဖမ်းဆီးရမိရေး စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူတွေဟာ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက်၊ ပတ္တမြားလမ်းရှိ နေအိမ်တအိမ်မှာရှိနေကြောင်း သိရပြီး သွားရောက်ဖမ်းဆီးခဲ့တာလို့ မြိတ်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီးပါပြီ။ တဦးကို တပ်က စစ်ဆေးနေပါတယ်။ တဦးကိုတော့ မြိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ တပ်က တာဝန်ရှိသူတွေက ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စစ်ဆေးနေပါတယ်။ ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို စစ်ဆေးနေဆဲပါ။ သေနတ်အပစ်ခံရသူလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပါပြီ” လို့ပြေပါတယ်။
ဖမ်းဆီးရမိသူ နှစ်ဦးကတော့ အမှတ် (၉၃၇) ထောက်ပို့ရေးတပ်မှ ပြစ်မှုကျူးလွန်သူ တပ်သား ကျော်ထွန်းနဲ့ ပြစ်မှုကျူးလွန်စဉ်က ပါရှိသူ တပ်သား ခန့်သူအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
သံပြောင်း၊ သစ်သားဒင်ပါ လက်လုပ်သေနတ်တလက်နဲ့အတူ ကျည် ၁၃ တောင့်၊ ကျည်ခွံ ၆ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ နှစ်ဦးကို မြိတ်မြို့မ ရဲစခန်းက (ပ) ၁၃၃၂ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment