
လတ်တလော အသေအပျောက် အပျက်အစီး အတိအကျမသိရသေးပေမယ့် သောကြာနေ့က အရှေ့ပိုင်း Odisha ပြည်နယ်မှာ မြေပြိုပြီး ပြင်းအား အဆင့် လေးရှိ ဟာရီကိန်း မုန်တိုင်းတိုက်ခတ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ စနေနေ့က အမျိုးသားသဘာဝဘေးဒါဏ်ကာကွယ်ရေးဌာန ဒါရိုက်တာအဆိုအရ သုံးဦး သေဆုံးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သေဆုံးသူ အရေအတွက် တက်လာနိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ အိန္ဒိယနိုင်ငံက တစ်ဆင့် အနောက်ဘင်္ဂလားပြည်နယ်ကနေ အရှေ့မြောက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို ၀င်ရောက်သွားစဉ် အားပျော့သွားပါတယ်။ ဘင်္ဂလာဒေ့ရှ်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၁၂ ဦး ရှိတယ်လို့ အတည်ပြုချက် ရရှိပါတယ်။
စနေနေ့ နှောင်းပိုင်းအထိ သေဆုံးသူဦးရေ တက်မလာတာကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာလည်း မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေရဲ့အကျိုး ခံစားရတယ်လို့ ပြောနိုင်တယ်လို့ AP သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။
No comments:
Post a Comment