
ပဲခူးမြို့ နယ် ဘူးလယ်အင်းကျေးရွာအနီး ရန်ကုန် – မန္တလေး ကားလမ်းဘေး မိုင်တိုင်အမှတ် ၄၀/၁ မှာ မနေ့ မနက် ၄ နာရီခွဲလောက်က လမ်းဘေးရပ်ထားတဲ့ကားတစီးကို နောက်မှ ကားတစီးက ၀င်တိုက်မိတဲ့အတွက် ကားသမား နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ မေလ ၄ ရက်နေ့ မနက်စောစောက ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း အောင်စိုးဝင်း မောင်းနှင်လာတဲ့ YGN 1Q/3176 Hino Profia အစိမ်းရောင်ကားဟာ ဂီယာညပ်ပြီး ဂီယာထိုးမရတဲ့အတွက် လမ်းဘေးမှာချပြီး ဂီယာထိုးနေစဉ် လားရာတူ နောက်ကနေ ယာဉ်မောင်း ရိုင်းမောင်မောင် ၀မ်းဘဲအင်း နေသူမောင်းလာတဲ့ OROPOX YGN BB/1251 ကနေ နောက်က ၀င်တိုက်မိတာပါ။
နောက်က ၀င်တိုက်မိတာကြောင့် အတိုက်ခံရတဲ့ ရှေ့ ကားမှာ နောက်မီးခွက်ကွဲ၊ နံပါတ်ပြား ပြုတ်ထွက်ပြီး ဘော်ဒီပိန်ချိုင့်တာတွေ ဖြစ်ကုန်ပါတယ်။ နောက်က၀င်တိုက်တဲ့ ကားကတော့ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်တွန့်လိမ်သွားပြီး ယာဉ်မောင်းသူ ရိုင်းမောင်မောင်ဆိုသူ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
နောက်က ၀င်တိုင်တဲ့ ပရိုဘောက် ကားရဲ့ သေဆုံးသူ ယာဉ်မောင်း ရိုင်းမောင်မောင်ကို အင်းတကော် နယ်မြေရဲစခန်းက (ပ)၃၃ /၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အင်းတကော် နယ်မြေရဲစခန်း အမှုစစ် ဒုရဲအုပ် ဇော်ဇော်နိုင်က ပြောပါတယ်။
No comments:
Post a Comment