ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ရှိချိန်မှာ မြွေကြီးက ဆိတ်တကောင်လုံးနီးပါးကို မြိုထားပြီးဖြစ်ပြီး ဒီဆိတ်ကို မြွေပါးစပ်ထဲက ပြန်ထုတ်ကာ ကယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆိတ်ကလေး ကတော့ အသက်မရှင်နိုင်တော့ပါဘူး။
ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း ဝန်ထမ်းတွေကို မြွေကြီး ကိုဖမ်းဆီးဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့တာတွေ့ခဲ့ရပြီး မြွေရဲ့ဗိုက်ထဲဝင်လုနီးပါးဖြစ်နေတဲ့ ဆိတ်လေးကိုလဲ ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရတာတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ ကြိုးစားမှုဟာ အရာမထင်ခဲ့ပါဘူး။
အဲဒါကြောင့် သူတို့ဟာ မြွေကြီးကို စိုက်ပျိုးရေးဝန်ထမ်းတွေ နေထိုင်ရာနေရာနဲ့ အဝေးမှာရှိတဲ့ တောတွင်း တနေရာကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment