
ဒဏ္ဍာရီအတိုင်း Jatayu ကွန်က ရစ်ငှက်ရုပ်ကြီးတွင်လည်း တောင်ပံတစ် ဖက်သာပါရှိသည်။ ပက်လက်လန်ကာ ခြေ သည်းများက အပေါ်ရောက်နေသည့်အ နေအထားဖြစ်ပြီး ပါးစပ်ဖွင့်ကာနာကျင်စွာ အော်ဟစ်နေသည့်အသွင်အပြင်ဖြစ် သည်။ Rajiv Anchal က ၁၉၈၀ ပြည့် နှစ်တွင် အနုပညာကောလိပ်တက်ရောက် စဉ်အခါက ငှက်ရုပ်ကြီး၏နမူနာပုံစံကို Department of Tourismာ သို့တင်ပြခဲ့ ဖူးသည်။ ၂၀၁၁ ခုနှစ်တွင်စတင်တည် ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ သောငှက်ရုပ်ကြီးကို သံမဏိဖြင့်ပြုလုပ် ထားသောခြေသည်းများမှလွဲ၍ ကွန်ကရစ် ဖြင့်သာတည်ဆောက်ထားသည်။ ငှက်ရုပ် ကြီးထံသို့ ခြေလျင်တောင်တက်ခရီး၊ကေ ဘယ်လ်ကား၊ ရဟတ်ယာဉ်တို့ဖြင့် တက် ရောက်နိုင်သည်။ ငှက်ရုပ်ကြီး၏ကိုယ်ထဲ တွင် ပြခန်းများဖွင့်လှစ်ပေးထားပြီး ငှက်၏ မျက်လုံးနေရာမှနေ၍လည်း ပတ်ဝန်းကျင် ရှုမျှော်ခင်းကိုကြည့်ရှုနိုင်သည်။ အနီးအ နားတွင်ဖွင့်လှစ်ပေးထားသောကစားကွင်း ၌လည်း Zip-line စီးခြင်း၊ ကျောက် တောင်တက်ခြင်းတို့ကိုပြုလုပ်နိုင်ရန် စီ စဉ်ပေးထားသည်ဟု သိရသည်။
No comments:
Post a Comment