
”မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနဲ့ မီးငြှိမ်းသတ်ရေးတွေကို အားကောင်းကောင်းနဲ့ တဆင့်ပြီးတဆင့် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နေဖို့ လိုပါတယ်၊ ဒီနေ့ ဒီအချိန်အခါမှ နေရာတိုင်း နယ်ပယ်တိုင်းမှ အဆင့်မြှင့်နည်းပညာတွေနဲ့ ဆောင်ရွက်နေကြတယ်၊ မီးသတ်လုပ်ငန်းမှာ အဆင့်မြှင့်နည်းပညာတွေနဲ့ဆောင်ရွက်ခဲ့လို အရင်ကထက် အောင်မြင်မှုတွေ ရရှိနေတယ်ဆိုတာ လက်တွေ့ပါပဲ၊ အထင်အရှားတွေ့မြင်နိုင်ပါတယ်၊ ဓာတုဗေဒသဘော၊ ရူပဗေဒသဘောတို့ကို အပြည့်အဝသိရှိရမယ့်အပြင် ခေတ်နဲ့စနစ်နဲ့အညီ မီးငြှိမ်းသတ်ရေး ပညာကို ကျွမ်းကျင်အောင် ကြိုးစားဆောင်ရွက်ထားကြဖို့ လိုမှာဖြစ်ပါတယ်”လို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
၇၃ ကြိမ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်တပ်ဖွဲ့နေ့အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ ပိုလန်မီးငြှိမ်းသတ်ရေးယာဉ်နဲ့ ကယ်ဆယ်ရေးယာဉ်တွေ၊ ငလျင်လှုပ်ချိန်မှာ ကယ်ဆယ်တဲ့ပြကွက်၊ ငလျင်လှုပ်ပြီးချိန် ပေါက်ကွဲမှုတွေ (ဥပမာ ဓာတုပေါက်ကွဲမှုတွေ)ကို မီးငြှိမ်းသတ် ကယ်ဆယ်တဲ့ပြကွက်၊ ယာဉ်မတော်တဆမှုတွေမှာ ခေတ်မီကိရိယာတွေ အသုံးပြုပြီး ကယ်ဆယ်တဲ့ပြကွက်၊ အထက်မြင့်အဆောက်အအုံတွေကို အထပ်မြင့် မီးငြှိမ်းသတ်ရေး ယာဉ်နဲ့ မီးငြိမ်းသတ်သရုပ်ပြတာနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရောင်စုံရေတွေ ပက်ဖြန်းတဲ့ ပြကွက်တွေကို ပြသခဲ့ပါတယ်။
No comments:
Post a Comment