
ထိုသာသနာ့အာဇာနည်မှာ မန်လည်ဆရာတော်ဘုရားကြီးဖြစ်သည်။ "မန်လည်ဆရာတော်ဘုရားကြီး";ဟု ဆိုလိုက် သည်နှင့် ဗုဒ္ဓဘာသာဝင်အများစုကဉာဏ်ပညာ လွန်စွာထက်မြက်တော်မူပြီး လောကီနှင့် လောကုတ္တရာအတွက် ပြောင်မြောက်သော စာပေ၊ ကျမ်းဂန်ပေါင်းများစွာကို ရေးသားခဲ့သည့် ရဟန်းတော် တစ်ပါးအဖြစ် သိမြင်ကြမည်ဖြစ်သည်။
ပိုမိုထူးခြားသည်က ဆရာတော်ကြီးသည် သက်ရှိထင်ရှား မရှိတော့ဘဲ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်မှာ နှစ်ပေါင်း ၁၀ဝ နီးပါး ရှိပြီဖြစ်သော်လည်း ရုပ်ကလာပ်တော်ကား မပုပ်မသိုးဘဲ ရှိနေသေးခြင်းဖြစ်သည်။
ယင်းရုပ်ကလာပ်တော်ကို ဆရာတော်ဘုရားကြီးသာသာနာပြုခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်း မန္တလေး-မြစ်ကြီးနားမီးရထားလမ်း၊ မဲဇာဘူတာအလွန်ရှိ ဆည်ရွာဘူတာမှ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ၊ မဲဇာမြစ်ကမ်းနဘေးတွင် ကိုးကွယ်ထားရှိသည်။
No comments:
Post a Comment