
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် အဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန် အမှတ်(၄)လမ်းမကြီး လှော်ကားလမ်းဆုံ အနီး၌ မှော်ဘီဘက်မှ ရွှေပြည်သာဘက်သို့ ပြည်မြို့၊ (၄)ရပ်ကွက်နေ ဝေယံ(၂၆)နှစ် မောင်းနှင်ပြီး မျိုးမင်းထွန်းပါ ၂ ဦး(စိစစ်ဆဲ)လိုက်ပါလာသော MDY 5I/×××× Canter ယာဉ်အား စစ်ဆေးရန် တားဆီးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် တိုးချဲ့(၂/၁)ရပ်ကွက်အရောက်၌ လိုက်လံဖမ်းဆီးသည့် Caldina ယာဉ်အား Canter ယာဉ်မှ နောက်ပြန်ဆုတ်၍ တိုက်ခဲ့ရာ Caldina ယာဉ်၏ ရှေ့မီးသီး၊ အချက်ပြမီး၊ ဘောနပ်ဖုံးနှင့် လေကာ မှန်များ ပျက်စီးဆုံးရှုံးခဲ့ပြီး Canter ယာဉ်မောင်း ဝေယံ အား တရားမဝင် ကျွန်းခွဲခြမ်း ၁၄ ခြမ်းနှင့် ကျွန်းခွဲသား ၂၉ ချောင်း၊ စုစုပေါင်း ၃.၆၀၈၄ တန် တင်ဆောင်ထားသော MDY 5I/×××× ယာဉ်နှင့်အတူ ဖမ်းဆီးရမိကာ မျိုးမင်းထွန်းပါ အမျိုးသား ၂ ဦးမှာ ထွက်ပြေးသွားခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ ဝေယံ နှင့် မျိုးမင်းထွန်းပါ ၂ ဦး(ဖမ်းမမိ)တို့အား ထောက်ကြန့် နယ်မြေရဲစခန်း၌ သစ်တောဥပဒေပုဒ်မ၄၃(က)ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၄၂၇/ ၁၁၄ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment