အသက်(၃၄)နှစ်ရှိပြီဖြစ် သည့် အေးမြတ်သူက အချိန်အများစုကိုအလုပ်လုပ်ရင်း၊ မိသားစုနှင့် အချိန်ပေးဂရုစိုက်ရင်း ဖြတ်သန်းနေပြီး ချစ်တတ်၊ ငိုတတ်၊လွမ်းတတ်သည့် အမျိုးသမီးတစ် ဦးအဖြစ် နေထိုင်သည်ဟု ဆို သည်။
(၃၄)နှစ်ရှိအမျိုးသမီးတစ်ဦး ၏ စိတ်ခံစားချက်သည် ပို၍ရင့် ကျက်လာသကဲ့သို့ မိမိကိုယ်ကိုယ် ပိုချစ်တတ်လာပြီး အသက်ကြီး လာသည်နှင့်အမျှ ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုကိုလိုချင်ကြောင်း ၎င်း က ပြောသည်။
‘‘လူတစ်ယောက်က ကိုယ့် ကိုယ်ကိုယ်ချစ်မှ သူများကကိုယ့် ကိုချစ်မှာ၊ ကိုယ့်ကိုယ်ကိုယ် တန် ဖိုးထားမှ တခြားသူတွေကလည်း ကိုယ့်ကို တန်ဖိုးထားပြီး ချစ်မှာ၊ ကိုယ့်တန်ဖိုး ကိုယ်မသိဘဲနဲ့ တခြားသူတစ်ယောက်ကို ကိုယ်ကတန် ဖိုးရှိတယ်ထင်ပြီး အရမ်းကြီးတွေ လိုက်ချစ်နေရင် အဲဒီလူက ကိုယ့်တန်ဖိုးကိုမြင်မှာ မဟုတ်ဘူး။ အေးမြတ်သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ချစ်တယ်။ အဲဒီတော့မှလည်း ကိုယ့်ကိုချစ်တဲ့ သူကလည်း ကိုယ့်ကိုတန်ဖိုးထားမှာ။ လူတစ်ယောက် ရဲ့ တန်ဖိုးထားခြင်းကို လိုချင် တယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုး ရှိအောင်နေပါ။ ကိုယ့် ကိုယ်ကိုယ် ချစ်ပါ’’ ဟု အေးမြတ်သူက အကြံ ပြုသည်။
ဆယ်ကျော်သက်အရွယ်က အချစ်နောက်ကို လိုက်ကာ ရူး သွပ်ဖူးသောကြောင့် အသက်အ ရွယ်ရပြီးရင့်ကျက်လာသည်နှင့် အမျှ အချစ်နှင့်ပတ်သက်လျှင် ပြေးချင်နေသည်ဟု ဆိုသည်။ ‘‘အချစ်ဆိုတဲ့အရာက သူ များနောက်က ကိုယ်လိုက်နေရသရွေ့ ပင်ပန်းနေဦးမှာပဲ၊ ကိုယ်က အပင်ပန်းမခံနိုင်ဘူး၊ ကိုယ်မပင် ပန်းချင်ဘူးဆိုရင် ကိုယ်ကပြေးတဲ့သူဖြစ်အောင် ကြိုးစားပါလို့။ အေးမြတ်သူ သူများနောက်တော့ မလိုက်ချင်ဘူး။ အချစ်နဲ့ပတ် သက်ပြီး တစ်ယောက်ယောက်ရဲ့ နောက်ကို အရမ်းကြီးလိုက်နေရ မှာ အေးမြတ်သူမလိုချင်ဘူး’’ဟု ၎င်းကပြောသည်။
No comments:
Post a Comment