ဒီကျောင်းကို မကြာခင် စတင်တည်ဆောက်သွားမှာဖြစ်ပြီး လာမယ့်နှစ် နှစ်လယ်ပိုင်း အပြီးတည်ဆောက်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
ဒီကျောင်းနေရာ ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို မင်္ဂလာမြန်မာကျောင်းမှ ဇွန် ၂၇ ရက် မနက်က ကျင်းပခဲ့ပါတယ်။
ပန္နက်ရိုက်မင်္ဂလာအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ပညာဒါနကျောင်း အလှူရှင်တွေ တက်ရောက်ခဲ့ပါတယ်။
No comments:
Post a Comment