
ဇွန် ၁၈ ရက်နေ့ ဂျာဟာခန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၄င်းလူသတ်မှုအကြောင်း သတင်းပျံ့လာခဲ့တဲ့နောက် ဇွန် ၂၆ ရက်နေ့မှာတော့ ဝန်ကြီးချုပ်မိုဒီဟာ ၄င်းအနေဖြင့် အလွန်စိတ်ထိခိုက်မိကြောင်း၊ ကျူးလွန်သူတွေကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ပြောပါတယ်။
အန်ဆရီဟာ ရိုက်နှက်ခံရအပြီး ၄ ရက်အကြာမှ ဒဏ်ရာကြောင့် ဆေးရုံမှာ သေဆုံးသွားကြောင်းလည်း သိရပါတယ်။ ရွာသားတွေဟာ အန်ဆရီကို ရိုက်နှက်ခဲ့ပေမဲ့ သူခိုးမိထားကြောင်း ၄င်းကိုယ်တိုင် ရဲထံ ဖုန်းဆက်တိုင်ကြားပြီး လာဖမ်းစေတယ်လို့ ဆိုပါတယ်။
၎င်းဖြစ်ရပ်မှာပါဝင်ခဲ့တဲ့ ရွာသား ၁၁ ဦးကို ဖမ်းဆီးထားပြီး အထူးစုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေပါတယ်။ ထိုနယ်မှ ရဲအရာရှိနှစ်ဦးကိုလည်း တာဝန်မှ ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။
အဆိုပါဖြစ်ရပ်အတွက် အန်ဆရီဘက်မှရပ်တည်ပေးသူတွေဟာ ဇွန် ၂၆ ရက်နေ့မှာ စတင်ဆန္ဒထုတ်ဖော်နေကြပြီး မြို့တော်နယူးဒေလီမှာ ၁၀၀ ကျော်ခန့်စုဝေးခဲ့ကြောင်း သိရပါတယ်။ အနောက်ဂူဂျာရတ်နဲ့ အနောက်ဘန်ဂေါ ပြည်နယ်တို့မှာလည်း ဆန္ဒပြနေကြ့ပီး မြို့ကြီး ၅၀ ခန့်သို့ ထပ်မံဖြန့်ကျက်နိုင်ရန် စီစဉ်နေကြောင်း သိရပါတယ်။
အိန္ဒိယမှ ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီ အာဏာရလာခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ထိုသို့သော လူမျိုးရေး၊ ဘာသာရေးမုန်းစွဲဖြင့် ရန်ပြု၊ ဝိုင်းရိုက်မှုတွေ တိုးလာခဲ့ပါတယ်။ အမှုအတော်များများဟာ နွားခိုး၊နွားသတ်မှု သံသယကြောင့်ဖြစ်ရပြီး အမဲသားစားတဲ့ မွတ်စလင်တွေနဲ့ ဟိန္ဒူဇာတ်နိမ့်တွေကို ဦးတည်ရန်ရှာခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment