
ယင်းအငြင်းပွားဥပဒေကြမ်း ဖျက်သိမ်းရေးအတွက် သီတင်းပတ်သုံးပတ်ကျော်ကြာဆန္ဒပြခဲ့စဉ် ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် နှိမ်နင်းခဲ့မှုများကိုလည်း ဆန္ဒပြသူများက ပြစ်တင်ရှုတ်ချကြသည်။
“အင်အားသုံးတဲ့ ရဲတပ်ဖွဲ့တွေ ကျရှုံးပါစေ၊ အဖမ်းခံဆန္ဒပြသူတွေကို လွှတ်ပေး”ဟုလည်း အော်ဟစ်ကြသည်။
ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဟောင်ကောင်မြို့ ဝမ်ချိုင်းရပ်ကွက်ရှိ လမ်းများတစ်လျှောက်ပိတ်ဆို့ပြီး ရဲဌာနချုပ်ကို ဝိုင်းရံဆန္ဒပြသူများကို အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့က နံပါတ်တုတ်များကိုင်ကာ လိုက်လံရိုက်နှက်ခဲ့ကြသည်။
ဟောင်ကောင်အစိုးရက ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခြင်းဟူသည့် အများပြည်သူ၏ အခွင့်အရေးကို အလေးထားပါကြောင်း၊ သို့သော် လမ်းများများကို ပိတ်ဆို့ခြင်း၊ ရဲဌာနချုပ်ကို ဝိုင်းရံခြင်းစသည့်လုပ်ရပ်များကို လက်သင့်မခံနိုင်ကြောင်း ပြောကြားသည်။
ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန်ရှိရာ ယင်းဆွေးနွေးပွဲတွင် ဟောင်ကောင်နှင့် ပြည်မကြီးအကြားက ပြဿနာများကို ထုတ်ဖော်ဆွေးနွေးပေးရန်နှင့် တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမူကြမ်းဖျက်သိမ်းရေးကို ဂျီ ၂၀ နိုင်ငံများက ထောက်ခံပေးရန် ယမန်နေ့က ဆန္ဒပြမှုများ ထပ်မံပြုလုပ်ခဲ့သေးသည်။
ဘေဂျင်းအစိုးရကို လိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ယင်းဥပဒေကြမ်းကိစ္စဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီး ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ချတောင်းပန်ပါကြောင်း ပြည်သူလူထုကို ပြောဆိုခဲ့သော်လည်း ဥပဒေဖျက်သိမ်းမည့်ကိစ္စကို ပြောဆိုခြင်း မရှိသေးပေ။
သို့အတွက်ကြောင့် ဟောင်ကောင် ပြည်သူများက ဥပဒေဖျက်သိမ်းရေးကိစ္စကို ဟောင်ကောင်အစိုးရက မကြေညာသေးသရွေ့ ဖိအားပေးဆန္ဒပြသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှု၏ မျက်နှာဖုံးသဖွယ်ဖြစ်နေသူ ဂျော်ရှုဝါကဆိုသည်။
No comments:
Post a Comment