
တရုတ်က ငွေကြေးထောက်ပံ့ပြီး ကင်ညာကုမ္ပဏီနှင့် အိုမန်၏ Gulf Energy ကုမ္ပဏီတို့အကြား ဖက်စပ်လုပ်ကိုင်သည့် ဒေါ်လာနှစ်ဘီလျံတန်ဖိုးရှိ ထိုစီမံကိန်းသည် နိုင်ငံ၏ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသတစ်ခုဖြစ်သော ထိုဒေသ၌ စွမ်းအင်ရရှိမှု ဖူလုံစေရန်၊ စီးပွားရေးတိုးတက်မှုအား လှုံ့ဆော်ရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် အထောက်အပံ့ဖြစ်စေကြောင်း အစိုးရက ကာကွယ်ပြောကြားခဲ့သည်။ သို့သော် ထိုစက်ရုံတည်ဆောက်မည့် နေရာသည် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရပြီး ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ အတွက်လည်း အရေးပါသော မပျက်စီးသေးသည့် Lamu ကျွန်းစုတွင် တည်ရှိနေသဖြင့် ကန့်ကွက်ခံနေရခြင်းဖြစ်သည်။
ထိုစီမံကိန်းအား ဆက်လုပ်ရန်ဆန္ဒရှိပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအား အကဲဖြတ်မှုသစ် လုပ်ဆောင်ကြရန် စီမံကိန်းဖော်ဆောင်မည့် Amu Power ကုမ္ပဏီအား တရားသူကြီး မိုဟာမက်ဘာလာလာက ညွှန်ကြားခဲ့သည်။
တရားရုံး၏ ယခုဆုံးဖြတ်ချက်အား အယူခံဝင်ရန် ကုမ္ပဏီတွင် ရက် ၃၀ အချိန်ရမည်ဖြစ်သည်။
မဂ္ဂါဝပ် ၉၈၁ ထုတ်လုပ်မည့် ထိုစက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုများကြောင့် လေထုညစ်ညမ်းမှုအား ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး အက်ဆစ်မိုးလည်း ရွာနိုင်ကြောင်း၊ အအေးခံစနစ်က စွန့်ထုတ်သော ရေနွေးများက သမုဒ္ဒရာထဲသို့ စီးဝင်မှုကြောင့် ရေနေသတ္တဝါများနှင့် သန္တာကျောက်တန်းများကို ခြိမ်းခြောက်နေကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသည့် Green peace အဖွဲ့၏ သုတေသနအရ သိရသည်။
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဖြစ်စေမှုတွင် အဓိကနေရာမှ ပါဝင်နေသည်။
No comments:
Post a Comment