Friday, June 28, 2019

မြောက်ကိုရီးယားတွင် ဖမ်းဆီးခံထားရဖွယ်ရှိသည့် ကျောင်းသားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိရရန် သြစတြေးလျကြိုးပမ်းနေ

မြောက်ကိုရီးယားတွင် ဖမ်းဆီးခံထားရဖွယ်ရှိသည့် အသက် ၂၉ နှစ်အရွယ် ဧည့်လမ်းညွှန်တစ်ဖြစ်လဲ သြစတြေးလျကျောင်းသား တစ်ဦးနှင့်ပတ်သက်သော သတင်းအချက်အလက်များ ရှင်းရှင်းလင်းလင်းသိရှိရရေးအတွက် အရေးတကြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း သြစတြေးလျက ပြောကြားခဲ့သည်။ ကိုရီးယားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူဖြစ်ပြီး ပြုံယမ်းတွင် နေထိုင်ကြသည့် လူနည်းစု အနောက်နိုင်ငံသား ကျောင်းသားများထဲမှ တစ်ဦးဖြစ်သော အဲလက်ဆစ်ဂလေအမည်ရှိ ထိုသြစတြေးလျ ကျောင်းသားမှာ လွန်ခဲ့သည့်သုံးရက်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖွယ်ရှိသည်ဟု ယူဆနေကြသည်။



ဆစ်ဂလေ ဖမ်းဆီးခံရသည့်ကိစ္စ ဟုတ်မှန်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ အတည်ပြုချက်တစ်စုံတစ်ရာ ထွက်မလာသေးကြောင်း ဆစ်ဂလေ၏မိသားစုက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဆစ်ဂလေသည် ဇွန် ၂၅ ရက် နံနက်ခင်းအချိန်ကတည်းက ゞင်း၏သူငယ်ချင်းများ၊ မိသားစုဝင်များထံသို့ ဖုန်းအဆက်အသွယ်မရှိတော့ခြင်းကြောင့် ယင်းသည် တစ်ခုခု မူမမှန်သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


သြစတြေးလျအနောက်ပိုင်း ပါ့သ်မြို့မှလာသော ဆစ်ဂလေသည် မြောက်ကိုရီးယား အလည်အပတ်ခရီးစဉ်များကို အထူးစီစဉ်ဆောင်ရွက်သည့် ခရီးသွားကုမ္ပဏီတစ်ခုကို ဦးစီးနေပြီး ၂၀၁၈ ခုနှစ်ကတည်းက Kim Il Sung  တက္ကသိုလ်တွင် ကိုရီးယားစာပေကို လေ့လာသင်ယူနေခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ဆစ်ဂလေသည် ပြုံယမ်း၌ ဂျပန်အမျိုး သမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။

ဆစ်ဂလေသည် ပြုံယမ်းတွင် ゞင်း၏ နေ့စဉ်ဘဝနေထိုင်ပုံအကြောင်းကို ရေးသားထားသောပို့စ်များနှင့် ဆောင်းပါးများကို ဘလော့ဂ်၌ အမျိုးမျိုးအဖုံဖုံရေးတင်ခဲ့သည်။ ゞင်းရေးသားထားသော အကြောင်းအရာများမှာ ပြုံယမ်းမြို့၏ စားသောက်ဆိုင်နေရာများမှသည် မြောက်ကိုရီးယားအက်ပလီကေး ရှင်းဝေဖန်အကြံပြုချက်များအဆုံး အကြောင်းအရာမျိုးစုံကို အဓိကအာရုံစိုက် ရေးသားခြင်းဖြစ်သော်လည်း ထိရှလွယ်သည့်နိုင်ငံရေးကိစ္စရပ်များကိုမူ ပါးနပ်စွာ ရှောင်ကွင်းရေးသားထားသည်ဟု ဆိုသည်။

မြောက်ကိုရီးယားတွင် ဆစ်ဂလေ ဖမ်းဆီးထိန်းသိမ်းခံထားရဖွယ်ရှိသည့်ကိစ္စရပ်အပေါ် ရှင်းရှင်းလင်းလင်း သိရှိရရေးအတွက် အပူတပြင်းကြိုးပမ်းနေကြောင်း သြစတြေးလျ အစိုးရအဖွဲ့က ပြောကြားထားသည်။ သြစတြေးလျသည် ပြုံယမ်းတွင် ゞင်း၏ ကိုယ်ပိုင်သံရုံးမရှိဘဲ မြောက်ကိုရီးယားရှိ ဆွီဒင်သံရုံးက သြစတြေးလျနိုင်ငံအား ကိုယ်စားပြုဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ဆစ်ဂလေပျောက်ဆုံးနေသည့် သတင်းများသည် သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပမည့် ဂျီ ၂၀ ထိပ်သီး ဘေးဆွယ်အစည်းအဝေးပွဲများ၌ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီအချိန်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံသားများအနေဖြင့် မလိုအပ်ဘဲ မြောက်ကိုရီးယားသို့ သွားရောက်ခြင်းမပြုကြရန်၊ သွားရောက်ပါကလည်း ကာလတိုသာနေထိုင်ကြရန်၊ မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်၊ ကိုယ့်လုံခြုံရေးကို သတိရှိကြရန် သြစတြေးလျအစိုးရ အဖွဲ့က အကြံပြုထားသည်။ မြောက်ကိုရီးယားရှိ နိုင်ငံခြားသားတက္ကသိုလ် ကျောင်းသားအများစုသည် အိမ်နီးချင်းတရုတ်နိုင်ငံမှဖြစ်ကာ ကျောင်းစရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာ ၃၀ဝ၀ ပေးရကြောင်း သိရသည်။

No comments:

Post a Comment