‘‘တက်တာကတော့ ‘၀’တုန်း ကလည်း အစိုးရရဲ့ကိုယ်စားလှယ် အဖွဲ့တက်တာပဲ။ အခုလည်းနိုင်ငံ တော်အတိုင်ပင်ခံရဲ့ ဒီပွဲအတွက် ပေးလိုက်တဲ့ သ၀ဏ်လွှာလည်း ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်ဖတ် မှာပဲလေ’’ ဟု ဦးလှမောင်ရွှေက ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင် အ ကြံပေး ဒေါက်တာမင်းဇော်ဦးက မိုင်းလားသို့ ရောက်ရှိမှုအခြေအ နေရုပ်သံဖိုင်ကို ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် တင်ထား ရာ အစိုးရကိုယ်စားလှယ်အဖွဲ့ အား မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် တြိဂံတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိအချို့ကို လည်း ရုပ်သံဖိုင်၌မြင်တွေ့ရ သည်။
မိုင်းလားအဖွဲ့၏ ငြိမ်းချမ်း ရေးပွဲသို့ တပ်မတော်မှ ကိုယ်စား လှယ်အဖွဲ့ သီးသန့်စေလွှတ်မှု ရှိ၊ မရှိနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းထံ မေးမြန်းရာ ‘‘ကျွန်တော် တို့ဆီကတော့ ကျွန်တော်သိသ လောက် ဗိုလ်ချုပ်ကြီးခင်ဇော်ဦးသွားမယ်နဲ့တူတယ်။ NRPC နဲ့ အတူတူလွှတ်တာ ဖြစ်ပါလိမ့် မယ်။ သူက UPDJC ရဲ့ အတွင်း ရေးမှူး အဖွဲ့ဝင်ထဲမှာလည်း ပါ တယ်လေ။ ဗိုလ်ချုပ်ကြီးခင်ဇော် ဦးကတော့ တပ်မတော်ကိုယ်စား လှယ်ပါပဲဗျ။ တိုင်း(တိုင်းစစ်ဌာန ချုပ်)ကလည်း ပါသွားပါလိမ့် မယ်။ ကျွန်တော်က ဘယ်သူတွေ အတိအကျပါတယ်ဆိုတာ မသိ ဘူး။ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး တက်မယ်ဆိုတာ သိရတယ်’’ ဟု ပြောသည်။
တပ်မတော်အနေဖြင့် ဧပြီ အတွင်း ကျင်းပသည့် ‘၀’လက် နက်ကိုင်အဖွဲ့(UWSA)၏ ငြိမ်း ချမ်းရေး နှစ်(၃၀)ပြည့်ပွဲတော်သို့ ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိ ပေ။
UWSA က ပြုလုပ်သည့် ပွဲတွင် စစ်ရေးပြအခမ်းအနား ထည့်သွင်းခြင်းနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြား ရေးကော်မတီ တာဝန်ရှိသူများက UWSA ၏ စစ်ရေးပြအခမ်းအနား သည် စင်ပြိုင်အစိုးရ၊ စင်ပြိုင် တပ်မတော် သဘောမျိုးဖြစ်နေ ကြောင်း၊ ယင်းကိစ္စကို လက်မခံ နိုင်ကြောင်း၊ ငြိမ်းချမ်းရေးအ တွက် သည်းခံနေရကြောင်း၊ သည်းခံမှုသည် အတိုင်းအတာ တစ်ခုရှိကြောင်း ထုတ်ဖော်ပြော ကြားထားသည်။ UWSA ကမူ စစ် ရေးပြခြင်းသည် အစိုးရနှင့် တပ်မ တော်ကို ယှဉ်ပြိုင်လို၍မဟုတ် ကြောင်း တုံ့ပြန်ခဲ့သည်။
မိုင်းလားအဖွဲ့ နှစ်(၃၀)ပြည့် ပွဲတော်တွင် လူထုချီတက်ပွဲ၊ တိုင်းရင်းသားရိုးရာအကအလှ ဖျော်ဖြေပွဲနှင့် စစ်ရေးပြအစီအစဉ်များပါဝင်မည်ဖြစ်သော်လည်း လူထုအင်အားက ပိုများမည်ဖြစ်ကြောင်း၊ ‘၀’ကဲ့သို့ အင်အားများမည်မဟုတ်ကြောင်း ပွဲတော်၌ မီဒီယာနှင့်ပတ်သက်ပြီး တာဝန်ယူနေသည့် တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။ အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များ၏ မိုင်းလားခရီးစဉ်အတွင်း အစိုးရနှင့် ကချင်အဖွဲ့(KIO)အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့၏ အပစ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းမှုများရှိနိုင်သည်ဟု သုံးသပ်မှုများရှိသော်လည်း သီးခြားအတည်ပြုချက် မရသေးပေ။
No comments:
Post a Comment