
မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းက ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ မီဂွယ်ပင်ညိုနဲ့ လန်ဒန်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပေါ်တူဂီသတင်းစာက ဖော်ပြပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်ခံစစ် ကစားသမားတဦးနဲ့ တိုက်စစ်ကစားသမားတဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ အသက် ၂၄ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ စုစုပေါင်း ၅၃ ပွဲကစားခဲ့ပြီး ၃၂ ဂိုးသွင်းကာ ၁၈ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ နေးရှင်းလိဂ်ချန်ပီယံ ဆုဖလား ရယူခဲ့ရာမှာလည်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
No comments:
Post a Comment