ဆဒုံးမြို့တွင် ရပ်ကွက်ငါးခု ရှိရာ ကုန်းမြင့်ပေါ်ရှိ ရပ်ကွက်တစ် ခုသာ ရေဘေးမှလွတ်ခဲ့သည်။ တောင်ကျရေသည် ဆဒုံးချောင်း အတွင်းဆင်းရာ ချောင်းဘေးရှိ နေအိမ်များအဆိုးရွားဆုံး ကြုံ တွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
‘‘လွန်ခဲ့တဲ့ (၁၀) နှစ်လောက် က တစ်ခါဖြစ်ဖူးတယ်။ အခုက ပိုဆိုးတယ်။ အိမ်တိုင်းနီးပါး နွံ တွေဝင်တယ်။ နည်းတာနဲ့ များ တာပဲ ကွာတယ်’’ ဟု ဒေသခံဦး ဘရန်နော်ဆိုင်းက ပြောသည်။
ရေဘေးကြုံစဉ် ဆဒုံးမြို့အ ခြေစိုက် တပ်မတော်ဗျူဟာနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပါ အ၀င် ရဲနှင့်မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေး ဆောင်ရွက် ခဲ့သည်ဟု ဒေသခံများက ပြော သည်။ ဆက်သွယ်ရေးခက်ခဲသည့် ဒေသဖြစ်၍ ရေကြီးနေချိန်ကယ် ဆယ်ရေးအဖွဲ့များ လာရောက်မှု နည်းပါးသည်ဟု ပြောသည်။ နေ့ လယ်ဘက်တွင် မိုးရပ်သွားပြီး ရေနည်းခဲ့သော်လည်း နေအိမ် များအတွင်း တင်ကျန်နေသော ရွှံ့နွံများရှင်းလင်းရေး ဒေသခံ များအခက်တွေ့နေသည်။
မြို့ထဲသို့ ရေနှင့်နုန်းမြေများ စီးဆင်းလာစဉ် ၎င်းတို့ကို အမြန် လာရောက်ကယ်ဆယ်ရန် လူမှု ကွန်ရက်တွင် Live လွှင့်၍ဒေသခံ များက အကူအညီတောင်းခဲ့ သည်။
‘‘ကယ်ဆယ်ရေးအင်အား နည်းတယ်။ လူအသေအပျောက် တော့မရှိဘူး။ ကြက်တွေ၊ ၀က် တွေတော့ ပါတယ်။ နုန်းရှင်းဖို့က လည်းခက်နေတယ်။ ဘယ်လိုမှ ရှင်းမရဘူး’’ ဟု ကိုနောနော်က ဆက်လက်ပြောသည်။ ဆဒုံးမြို့တွင် ရေကြီးနစ်မြုပ် မှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်း ကို စိစစ်နေကြောင်း ကချင်ပြည် နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူးဒေါ်လှကေ သီမာက ပြောသည်။ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ချောင်း ထဲရေလျှံကာ မြို့ထဲသို့ရေ၀င် ရောက်နေ၍ လူနေအိမ်များ၊ ဈေး ဆိုင်ခန်းများပိတ်ထားရပြီး ဘေး လွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေ ရကြောင်း ဇွန်လ ၂၇ ရက် နေ့ လယ်အခြေအနေကို ဆဒုံးမြို့နယ် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။
No comments:
Post a Comment