အမှုစစ်အဖွဲ့က အခင်းဖြစ် နေအိမ်အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းအားကြည့်ရှုခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ အသက် (၂၆/၂၇) နှစ်အရွယ် အမျိုးသားလူငယ် ၁ ဦးဖြစ်ပြီး လမ်း ၆၀ အတိုင်းမြောက်ဘက်ကို ထွက်ခွာသွားကြောင်း သတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ ၂၆×၆၀ လမ်းထောင့်မှာ အဆိုပါလူငယ်အား လွယ်အိတ်တလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးရာ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ အောင်ထွေး ၂၇ နှစ် ဖြစ်ကြောင်းသိရပြီး လွယ်အိတ်အတွင်းမှ ဦးကျော်ကျော်ထွန်းပျောက်ဆုံးသွားတဲ့ ငွေ၊ ရွှေထည်ပစ္စည်းတွေနဲ့ ကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အောင်ထွေးရဲ့ ထွက်ဆိုချက်အရ ဇွန် ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ လက်သမားအဖွဲ့နဲ့အတူ ဦးကျော်ကျော်ထွန်းရဲ့ နေအိမ်မှာ သွပ်မိုး နေအိမ် ခြံစည်းရိုး ကာရံတာတွေလုပ်ဆောင်ခဲ့ပြီး ဇွန် ၂၄ ရက်နေ့ နေအိမ်မှာ လူမရှိတဲ့အချိန် ဝင်ရောက်ခိုးယူခဲ့တာလို့ သိရပါတယ်။
နေအိမ်အတွင်း ရွှေငွေပစ္စည်းတွေ ၀င်ရောက်ခိုးယူတဲ့ အောင်ထွေးကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment