ဒီလိုဆန္ဒပြရာမှာ ခွင့်ပြုပေးထားတဲ့ စာသားအတိုင်းမရေးသားဘဲ စာလုံးအနည်းငယ် မှားယွင်းရေးသားခဲ့တာရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တောင်သူတွေအကြား ပြန်လည် ညှိနှိုင်းခဲ့ကြရပါတယ်။
ဆန္ဒပြတောင်သူတွေ ကိုင်ဆောင်ထားတဲ့ ဗီနိုင်းပိုစတာတွေမှာ “သိမ်းဆည်းမြေပြဿနာ များကို အမြန်ဆုံးဖြေရှင်းပေးရန်” ဆိုတဲ့စာသားကို ကိုင်ဆောင်ခဲ့လို့ အဲဒီစာသားဟာ ခွင့်ပြုထားတဲ့ စာသားမဟုတ်တဲ့အတွက် စာသားကို တိတ်အနီရောင်တွေနဲ့ ပိတ်ပြီး ပြန်လည်ရေးသား ခဲ့ရပါတယ်။
တပ်မတော်က သိမ်းယူထားတဲ့မြေတွေကို ပြန်လည်ပေးအပ်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးဖို့ ဇူလိုင် ၄ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်မှာ အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာလည်း စစ်တပ် (သို့) တပ်မတော်ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်မရခဲ့တဲ့ အတွက် တိတ်အနီရောင်တွေနဲ့ ပြန်ပိတ်ခဲ့ရပါတယ်။
No comments:
Post a Comment