“မိုးကလည်း အဆက်မပြတ်ရာ၊ အိမ်တွေကလည်းပြို အမိုးတွေက လန်ဆိုတော့ လူတွေက နေစရာမရှိ၊ ချက်စားစရာက မရှိဖြစ် နေတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ်က လူကြီးတွေနဲ့ တိုင်ပင်ပြီး ယာယီကယ်ဆယ်ရေး စခန်းတခု ဖွင့်ထားလိုက်ရတာ။”
မနက်ပိုင် မိုးရွာနေစဉ် အရှေ့မြောက်ဘက်က လေပြင်းတိုက်ခတ်တာကြောင့် အမိုးတခုလုံး လေထဲပါသွားကာ မိသားစုတွေ အသက်ဘေးက လွတ်အောင်ပြေးခဲ့ရကြောင်း၊ မိုးတွင်းကာလဖြစ်တာကြောင့် ပိုက်ဆံရှားပါးတဲ့အချိန်ဖြစ်ပြီး အိမ်ပြန်ပြုပြင်ဖို့ရာ အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဦးလူလှက ပြောပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့် ပြိုကျပျက်စီးခဲ့တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အန်အယ်လ်ဒီပါတီက အဖွဲ့ဝင်တွေ မီးသတ်၊ ရဲတပ်ဖွဲ့နဲ့ နယ်မြေခံတပ်ရင်းက တပ်မတော်သားတွေ ဝိုင်းဝန်း ကူညီရှင်းလင်းမှုတွေပြုလုပ်ပေးနေပါတယ်။
မြို့နယ်အတွင်းက တခြားရပ်ကွက်ကျေးရွာတွေပါ ထိခိုက်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မသိရှိရသေးဘူးလို့ သိရပါတယ်။
No comments:
Post a Comment