ဒီဆန္ဒပြပွဲကို သုံးဘီးကားအစီး ၈၀ လောက်ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး တရားဥပဒေစိုးမိုးဖို့ လာရောက်ပူးပေါင်းကြတာ ဖြစ်တယ်လို့ သက်ငယ်မုဒိမ်း လျော့နည်းပပျောက်ရေးအဖွဲ့ တာဝန်ခံ ကိုဝမ်းက ပြောပါတယ်။
ဆန္ဒပြရာမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ကျနော်တို့မျိုးဆက်များ လုံခြုံစိတ်ချ ရသော လူ့အဖွဲ့စည်းတခု ဖန်တီးနိုင်ရေး၊ သက်ငယ်မုဒိမ်း လျော့နည်းပပျောက်ရေးစတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
No comments:
Post a Comment