
ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ်ဟာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပေါင် ၂၃ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပါတယ်။ အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ အာနော်တိုဗစ်ဟာ ရှန်ဟိုင်းအသင်းမှာ တပတ်လုပ်ခ ပေါင် ၂ သိန်း ၈ သောင်းအထိ တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။ အာနော်တိုဗစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကတည်းက အသင်းပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာပါ။ ဝက်စ်ဟမ်းအသင်းဟာ အာနော်တိုဗစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆယ်လ်တာဗီဂို တိုက်စစ်မှူး မက်ဆီဂိုမက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး မက်ဆီဂိုမက်ဇ်ဟာ စပိန်ကလပ် ဆယ်လ်တာဗီဂိုမှာ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ရာသီက ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
No comments:
Post a Comment