Pages
Monday, July 8, 2019
မန်ယူ၏ ရာသီကြို ခြေစမ်းခရီးစဉ်ကို ကွင်းလယ်လူ ပေါ့ဂ်ဘာ လိုက်ပါ
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ သြစတြေးလျနဲ့ အာရှတိုက် ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတွေက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ကိစ္စတွေကြောင့် အသင်းနဲ့အတူ ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ လိုက်ပါကစားဖို့အတွက် မသေချာမရေရာ ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဇူလိုင် ၁၃ ရက်မှာ သြစတြေးလျကလပ် ပါ့သ်ဂလိုရီအသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး ဇူလိုင် ၁၇ ရက်မှာ လိဒ်ယူနိုက်တက်နဲ့ သြစတြေးလျမှာပဲ ဆက်ကစားမှာပါ။ အဲဒီနောက် ဇူလိုင် ၂၀ ရက်မှာ စင်ကာပူမှာ အင်တာမီလန်၊ ဇူလိုင် ၂၅ ရက်မှာ စပါးနဲ့ တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment