
"ဒီတရုတ်နိုင်ငံသားဟာ ကလေး၉ယောက်ကို ဘန်ကောက် Transitနဲ့ ကမ္ဘောဒီးယားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဘို့ခေါ်သွားတာဖြစ်တယ်။ ကလေးတွေက PJစာအုပ်တွေကိုင်ဆောင်ထားတယ်။ပြည်ပအကျိုးဆောင်လိုင်စင်လည်းမရှိပဲ အလည်ပုံစံနဲ့ ဝင်ပြီး အလုပ်လုပ်ဘို့ ခေါ်ဆောင်သွားတဲ့အတွက် တည်ဆဲဥပဒေ ပပ၂၆နဲ့ ငြိစွန်းနေတယ်။ ကလေးတွေကို မေးမြန်းတော့ သူတို့ကို ကမ္ဘောဒီးယားမှာ ဆောက်လုပ်ရေးအလုပ်လုပ်ရမယ်ဆိုပြီး ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်းပြောကြတယ်။ဒီတရုတ်နိုင်ငံသားနဲ့ ကလေးတွေထဲကတချို့က Junction city တည်ဆောက်စဉ်က သိကျွမ်းခဲ့ကြတာလို့သိရတယ်။
ကိုယ်နိုင်ငံသားတွေဟိုကျရင် တရားဝင် ဖြစ်မှာလည်းမဟုတ်ဘူး။ ထွက်ခွာပုံ ဝင်ရောက်ပုံ မမှန်တာကြောင့် ဟိုရောက်ရင်လည်း အလုပ်သမားအခွင့်အရေး အပြည့်အဝရမယ် မထင်ဘူး။ ထိုင်းနိုင်ငံကို တရားဝင် စေလွှတ်တာတောင် တခါတလေ ပြဿနာပေါ်ပေါက်သေးတာ။ အခုလို ပုံစံနဲ့က မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကိုပါဖောက်ဖျက်နေတာဖြစ်လို့ တားဆီး အရေးယူသွားမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ အရာရှိတဦးကပြောကြားခဲ့သည်။
ထိုတရုတ်နိုင်ငံသားသည် တရုတ်သံရုံးသို့ ဖုံးဆက်အကူအညီ တောင်းခံခဲ့ကြောင်း၊သံရုံးမှလည်းဒဏ်ငွေရိုက်၍ပြန်လွှတ်ပေးရန်အကြံပြုခဲ့ကြောင်းသိရသည်။ ထိုနောက်ဆောက်လုပ်ရေးကုမ္ပဏီတခုမှမြန်မာနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများလိုက်လာခဲ့ပြီး ထိုအလုပ်သမားများအား ပညာတော်သင်စေလွှတ်ရန်နှင့် ကျွမ်းကျင်အလုပ်ကြပ်များအနေနှင့် ကမ္ဘောဒီးယားနိုင်ငံသို့စေလွှတ်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ အလုပ်သမားများအားပြန်လည်မေးမြန်းရာ မိမိတို့အား ထိုတရုတ်မှ ကျွမ်းကျင် အလုပ်ကြပ်များအဖြစ် ခေါ်ဆိုခြင်းဆိုသည်မှာမဟုတ်ကြောင်း၊ပညာတော်သင်ဟုလည်းမပြောပါကြောင်း၊ဆောက်လုပ်ရေးလုပ်ရမည်။ တလလျှင် မြန်မာကျပ်ငွေ ၄သိန်းလောက်ရမည်ဟုသာ စည်းရုံး၍ ခေါ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ယခုအခါ ယင်း တရုတ်နိုင်ငံသားအား မင်္ဂလာဒုံရဲစခန်းတွင် ဖမ်းဆီးထားပြီး မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီအရေးယူရန်စီစဉ်နေကြောင်း သိရှိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ဝန်ကြီးဌာနမှ ခွင့်ပြုထားခြင်းမရှိသော နိုင်ငံအသီးသီးသို့ အလည်ဗီဇာ များဖြင့် အလုပ်လုပ်ရန်၊ အိမ်ဖေါ်လုပ်ရန် တရားမဝင်ထွက်ခွာနေကြသော အလုပ်သမားများနေ့စဉ်နှင့်အမျှရှိနေပြီး တားဆီးရန်အခက်အခဲရှိနေကြောင်းသိရသည်။လူကုန်ကူးပွဲစားများအနေဖြင့် ဥပဒေ၏ လစ်ဟာနေမှုများကိုအခွင့်ကောင်းယူ၍ လက်တလုံးခြားပြုလုပ်စေလွှတ်နေမှုများ နေ့စဉ်နှင့်အမျှရှိနေသည်။
ယခင်က ရွှေ့ပြောင်းလုပ်သားများ သတင်းပို့ရေး စင်တာတခုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိ၍ စနစ်တကျကြီးကြပ်စေခဲ့သော်လည်း ယမန်နှစ်က ယင်းစင်တာ ပိတ်သိမ်းခဲ့ရကြောင်းသိရသည်။ ။
No comments:
Post a Comment