Saturday, May 25, 2019

AA အဖွဲ့ကလုံခြုံရေးစိုးရိမ်ချက်ရှိနေ၍ အပစ်ရပ်စဲရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးတာဝန်ရှိသူပြော လုံခြုံရေးအတွက် တပ်မတော်အာမခံဟုဆို

ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) က၎င်းတို့အဖွဲ့ကိုယ် စားလှယ်များအတွက် လုံခြုံရေး   စိုးရိမ်ချက်ရှိနေ၍အစိုးရ၊ တပ်မ တော်နှင့် မြောက်ပိုင်းလက်နက်  ကိုင်လေးဖွဲ့၏ အပစ်အခတ်ရပ် စဲရေးဆိုင်ရာဆွေးနွေးပွဲကို ရွှေ့ ဆိုင်းရခြင်းဖြစ်ကြောင်း သမ္မတ  ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးကပြောကြားသည်။ အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့်ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) တို့ပါဝင်သည့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့သည်ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံပြီး နောက် တစ်ဖွဲ့ချင်းစီ အပစ်ရပ်စဲ ရေးဆောင်ရွက်မည့် Bilateral စာချုပ်ချုပ်ဆိုနိုင်ရေး   ဆက်လက် ညှိနှိုင်းရန် သဘောတူခဲ့သည်။

ယင်းဆွေးနွေးပွဲရလဒ်အ ကောင်အထည်ဖော်နိုင်ရေးအ တွက် မေလ ၂၄ ရက်၊ ၂၅ ရက် တွင် ထပ်မံတွေ့ဆုံရန်ရက်သတ်  မှတ်သော်လည်း  ဆွေးနွေးပွဲ ကျင်းပမည့်နေရာ ညှိနှိုင်းမှုမပြေ  လည်၍ ဆွေးနွေးပွဲကိုရွှေ့ဆိုင်းခဲ့  ရသည်။ မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့က တရုတ်နိုင်ငံကူး မင်း၊ ‘၀’ အဖွဲ့ (UWSA) နယ်မြေ  ပန်ဆန်းနှင့် မူဆယ်မြို့တို့၌ ကျင်းပလိုကြောင်းအဆိုပြုပြီးအ စိုးရက လားရှိုးမြို့၌ ပြုလုပ်ရန် အဆိုပြုခြင်းဖြစ်သည်။

‘‘KIA ကတော့ဘယ်နေရာ ဖြစ်ဖြစ်အဆင်ပြေတယ်။ ရန်ကုန်  ဖြစ်စေ၊ နေပြည်တော်ဖြစ်စေ၊ မြစ်ကြီးနားဖြစ်စေ အဆင်ပြေ တယ်။ သို့သော်အခုလောလော ဆယ်အထူးသဖြင့် စိုးရိမ်မှုရှိနေ  တာက AA ပေါ့နော်။ AA အဖွဲ့ ကတော့ တိုက်ပွဲတွေနည်းနည်း လေးရှိနေတဲ့အတွက်သူတို့ခေါင်း  ဆောင်တွေလာတဲ့အခါမှာ သူတို့ ရဲ့လုံခြုံရေး စိုးရိမ်တယ်ပြော တယ်။ ပြောတော့ တပ်မတော်  ဘက်က အကြီးအကဲတွေက လည်းမေးတယ်။ တပ်မတော် ဘက်ကလည်း ဘာပြောလဲ ဆိုတော့ မှဲ့တစ်ပေါက်မစွန်းစေ ရဘူးပေါ့။ လုံခြုံရေးကိုအာမခံပါ တယ်’’ ဟု ဦးဇော်ဌေးက ဆွေး နွေးပွဲ ရွှေ့ဆိုင်းခဲ့ရခြင်းကိစ္စ အပေါ်ရှင်းပြသည်။

ဆွေးနွေးပွဲဆက်လက်ကျင်း  ပနိုင်ရေး ယမန်နေ့ (မေလ ၂၄ ရက်)တွင် ကချင်အဖွဲ့ (KIO)၊ တရုတ်သံရုံးတာဝန်ရှိသူများမှ တစ်ဆင့်ထပ်မံကမ်းလှမ်းထား ကြောင်း၊ ဆွေးနွေးပွဲကျင်းပ နိုင်ရေးအပြန်အလှန်ဆက်သွယ်   ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ  ဆွေးနွေးပွဲနေရာညှိ နှိုင်းမှုသည် AAတစ်ဖွဲ့တည်း၏ သဘောထား ဆိုခြင်းထက် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏   သဘောထားဖြစ်သည်ဟုပြော သည်။

‘‘ညှိလို့ရလို့ရှိရင်တော့ ဆွေး နွေးပွဲကဖြစ်မှာပါ။ နှစ်ဖက်စလုံး ကဆွေးနွေးပွဲလုပ်ရမယ်ဆိုတာ ကလက်ခံထားတယ်။ နေရာပဲ ညှိနေကြတာ။ မကြာခင်ညှိလို့ပြီး လိမ့်မယ်လို့ထင်ပါတယ်’’ ဟု ခိုင် သုခကပြောသည်။

KIO/KIA ပြောရေးဆိုခွင့်ရှိ သူဗိုလ်မှူးကြီးနော်ဘူက ‘‘လုံ ခြုံရေးလည်းပါမှာပါ။ နောက်ပြီး  တော့နိုင်ငံရေးဆိုတာကိုယ်နဲ့အ နီးစပ်ဆုံးနေရာမှာ ဆွေးနွေးတာ အကောင်းဆုံးဖြစ်တာပေါ့’’ ဟု  ဆွေးနွေးပွဲကျင်းပမည့် ညှိနှိုင်းမှု အခြေအနေနှင့် ပတ်သက်ပြီး ၎င်း ၏ အမြင်ကိုပြောကြားသည်။

AA  အဖွဲ့အနေဖြင့် ယခင် ကလည်း နေပြည်တော်ထိလာ ရောက်ခြင်းများရှိ၍ လုံခြုံရေး အကြောင်းပြချက်ဖြင့်ဆွေးနွေးပွဲ  ရွှေ့ဆိုင်းခြင်းသည် လုံလောက်မှု  မရှိကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့အတွင်းရေး မှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ ‘‘ကျွန်တော်တို့က ငြိမ်းချမ်း  ရေးကို လိုချင်လို့မို့လို့ ဒီဆွေးနွေး ပွဲတွေကို NRPC (အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း   ရေးဗဟိုဌာန) ကဦးဆောင်ပြီး ကျင်းပပေးနေတာ။ လုပ်ခဲ့တဲ့  ဆွေးနွေးပွဲတိုင်းမှာလည်း ဘာ ပြဿနာမှမရှိဘူးဗျ။ လုံခြုံရေး ဆိုင်ရာနဲ့ပတ်သက်ပြီးအကြောင်း  ပြတာက သိပ်မလုံလောက်ပါ ဘူး’’ ဟု ၎င်းကဆိုသည်။

No comments:

Post a Comment