Saturday, May 25, 2019

ပအိုဝ်းဒေသမှ ကလေးငယ်များကို ပရဟိတအဖွဲ့အချို့က ခေါ်ဆောင်မှုများ စိစစ်ပေးရန် ဒေသခံများ တောင်းဆို ဝိုင်းဝန်းတားဆီးပေးရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ထုတ်ပြန်

ပရဟိတအဖွဲ့အချို့က ပအိုဝ်းတိုင်းရင်းသား ကလေးငယ် အများအပြားကို လာရောက်ခေါ် ဆောင်မှုများသည် မရိုးဖြောင့် သည့်လုပ်ရပ်များဖြစ်ကြောင်း ရှမ်းပြည်နယ် ဒေသခံအချို့က ဝေဖန် နေပြီး ယင်းသို့ ခေါ်ဆောင်ပြီး နောက် လူကုန်ကူးခံရမှုများနှင့် ပညာရေးကို ဗန်းပြကာ ပရဟိတ အချို့၏ အခိုင်းအစေအဖြစ် အ သုံးချခြင်းများရှိနေ၍ ဝိုင်းဝန်းတားဆီးထိန်းကျောင်းပေးရန် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)က ထုတ်ပြန်သည်။ ရှမ်းပြည်နယ် ဆီဆိုင်မြို့ နယ် ကျေးရွာခြောက်ခုမှ အသက် (၃)နှစ်မှ (၅)နှစ်ကြား ကလေး ငယ် ၆၀ ဦးကို ပဲခူးမြို့ အခြေစိုက် ပရဟိတအဖွဲ့တစ်ဖွဲ့က မေလ ၂၀ ရက်တွင် လာရောက်ခေါ် ဆောင်သွားရာ ယင်းဖြစ်ရပ်အ ပေါ် ဆီဆိုင်မြို့ ဒေသခံအချို့က အပြင်းအထန်ဝေဖန်သည်။



‘‘အစ်ကိုတို့ဆီက ကလေး ငယ်တွေကို အတင်းအဓမ္မအပြိုင် အဆိုင် မက်လုံးပေးခေါ်နေကြ တယ်။ အရင်က သူငယ်တန်းက နေ စတုတ္ထတန်းအထိ ခေါ်တာ။ အခုက ကျောင်းအုပ်တွေက ကျောင်းထွက်လက်မှတ် ထုတ် မပေးတော့ မူကြိုအရွယ်တွေကို ပစ်မှတ်ထားပြီး ခေါ်နေကြတာ’’ ဟု လုံခြုံရေးအခြေအနေအရ အ မည်ထုတ်ဖော်ရေးသားခွင့် မပြု သော ဆီဆိုင်မြို့ ဒေသခံတစ်ဦး က ပြောသည်။

ကလေးငယ် ၆၀ ဦးကို ပရ ဟိတအဖွဲ့တစ်ဖွဲ့က လာရောက် ခေါ်ဆောင်မှုကို မြို့နယ်ထွေအုပ်၊ လဝက၊ သတင်းရဲတပ်ဖွဲ့နှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူ များ ပါဝင်သော အဖွဲ့စုံဖြင့် မေလ ၂၀ ရက်က သွားရောက်စစ်ဆေး မေးမြန်းခဲ့သည်။

ကလေးငယ်များ၏ မိဘများ ကိုယ်တိုင်က သဘောတူ၍ ထည့် ပေးလိုက်ခြင်းဖြစ်သည်ဟု အ တည်ပြုနိုင်ကြောင်း ဆီဆိုင်မြို့ နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး ဦးစောမောင်ဗွေက ပြော သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ မေလ ၂၂ ရက် ထုတ် ပြန်ချက်တွင် ကလေးငယ်၏ မိဘများသည် အခြေအနေမှန်ကို လေ့လာမှုမရှိဘဲ ကျောင်းနေအ ရွယ် ကလေးများကို ပရဟိတ ကျောင်းများအပါအဝင် အဝေးသို့ ပို့ဆောင်နေခြင်း၊ မိဘများ၏ မျက်ကွယ်တွင် ကလေးငယ်များ ပျောက်ဆုံးခြင်း၊ လူကုန်ကူးခံရ ခြင်း၊ ပညာရေးကို ကောင်းမွန်စွာ မသင်နိုင်ဘဲ ပညာရေးဗန်းပြ ပရ ဟိတအဖွဲ့အချို့၏ အခိုင်းအစေ အဖြစ် ဆောင်ရွက်ရခြင်း၊ အနေ အထိုင်ဆင်းရဲခြင်း စသည့်ပြဿ နာများ ကြုံတွေ့နေရသည်ကို ကြားသိရနေသည်ဟု ပါရှိသည်။

ယင်းသို့ ပို့ဆောင်နေမှု ကြောင့် ဒေသတွင်းရှိ စာသင် ကျောင်းများတွင် ကျောင်းသား ဦးရေပြည့်မီရန် လိုအပ်ခြင်းနှင့် ပညာရေးအခွင့်အလမ်းများ ဆုံး ရှုံးနေသည်ဟု ထုတ်ပြန်သည်။

‘‘ပရဟိတကျောင်းတချို့ တွေတောင် မပြည့်စုံတဲ့အတွက် ကျွန်တော်တို့ဆီမှာ ပြန်ပြီးအလှူ ခံနေတာ အများကြီးတွေ့ရတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက မနိုင်ဝန်ကိုတော့ မထမ်းစေချင် ဘူး’’ဟု ကလေးငယ်အများအပြား အား လာရောက်ခေါ်ဆောင်နေ ခြင်းအပေါ် ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO)ဥက္ကဋ္ဌ ခွန်စံလွင်က ထောက်ပြပြောကြားသည်။

ပအိုဝ်းဒေသမှ ပအိုဝ်းတိုင်း ရင်းသားကလေးငယ်များကို ပရ ဟိတအဖွဲ့များက လာရောက်ခေါ် ဆောင်နေမှုများသည် လွန်ခဲ့သော၁၀ နှစ်ခန့်ကပင် စတင်ပြီး အစိုးရ တာဝန်ရှိသူများနှင့် ပအိုဝ်းတိုင်း ရင်းသားခေါင်းဆောင်များအနေ ဖြင့် အကြောင်းရင်းကို စိစစ်ရှာဖွေ ရန် လိုအပ်သည်ဟု ဒေသခံများ က ပြောသည်။ ဒေသခံအချို့ကမူ ကလေးငယ်များကို ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် ခေါ်ဆောင် နေမှုသည် မရိုးဖြောင့်ကြောင်း ဝေဖန်သည်။ ‘‘မိဘဖြစ်သူတွေဘက်က လည်း ပညာမတတ်ကြတော့ ကလေးကို ဘယ်လိုပြုစုရမှာလဲ ဆိုတာထက် ကလေးမရှိ နားအေး ဆိုသလို တချို့လည်း ငွေကြေး ရေးမတတ်နိုင်တာလည်း ရှိတယ်။တချို့ငွေကြေးရှိ အချောင်လိုချင် တာလည်းရှိ၊ နောက်ပြီး ပရဟိတ ဖွင့်တဲ့သူတွေလည်း စီးပွားရေး ဗန်းပြတာလည်း ကြုံရတယ်။ ကလေးအတွက် အသုံးချခံရသက်သက် ဖြစ်နေတယ်’’ဟု ပအိုဝ်း တိုင်းရင်းသား ခွန်ဒေဝက ပြော သည်။

No comments:

Post a Comment