Saturday, May 25, 2019

တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းများကို ကူညီပေးရန် Myanmar -China Business Association ဖွဲ့စည်း

လက်ရှိပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် အကူအညီပေးရန်Myanmar -China Business Association ဖွဲ့စည်းထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်ကပြောသည်။ "အသင်းချုပ်မှာ Myanmar -China Business Association ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန်လုပ်ငန်းစဉ်မှာလဲ ပါဝင် ဆောင်ရွက်ခွင့် ရတဲ့အတွက် လုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရေးအတွက်လဲဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။



Myanmar -China Business Association ကိုမြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် စီးပွားရေးလုပ်ငန်းများကို တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် တရုတ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ၊ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုပြုနေသည့် တရုတ်ကုမ္ပဏီ များ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် အကူအညီပေးရန် နှင့် အရည်အသွေးမီသည့် ကုန်ပစ္စည်းများ နယ်စပ်မှတဆင့် အရောင်းအဝယ် ပြုလုပ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် တရုတ် ကုန်သည်များ၊ လုပ်ငန်းရှင်များအနေနှင့် ချိတ်ဆက်လုပ်ဆောင်ရန်အတွက် တရုတ်သံအမတ်ကြီးတောင်းဆိုမှုအရ Myanmar China Business Association ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

"အခုအခက်အခဲတခုက ကျွန်တော်တို့ဆီက ထောက်ခံချက်တွေ ပို့တဲ့နေရာမှာ တချို့လဲ လုပ်ငန်းရှင်တွေ တရုတ်ဘက်ကလာပြီး သူတို့ဟာသူတို့Association တွေဖွဲ့တယ်။ သံရုံးကိုမေးတဲ့ အခါ တချို့သံရုံးကတော့မသိဘူး ။တကယ်ပဲ သူတို့ ဘယ်လောက် Respon sible ဖြစ်လဲ ဘယ်လောက်ထိ Ethical ရှိလဲဆိုတာ မသိတဲ့အခါမျိုးဖြစ်တဲ့အတွက် နောက်ပိုင်း တရုတ်တွေဘက်က လာပြီးရင်းနှီးမြှုပ်နှံတဲ့အခါမှာ တကယ်စနစ်ကျတဲ့ ပုံစံမျိုးဖြစ်အောင်ဆိုပြီး ဒီ Associa tion က နောက်ပိုင်းမှာ ပိုအားထည့်ပြီးတော့လုပ်သွားမှာပါ" ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက အကောင်အထည်ဖော် လျက်ရှိသော ခေတ်သစ်ပိုးလမ်းမကြီး OBOR စီမံကိန်းတွင် အလွန်အရေးပါသည့် နေရာ၌ တည်ရှိနေကြောင်းသိရသည်။

"OBOR လမ်းကြောင်းတလျှောက်မှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံကြား တနိုင်ငံချင်းစီရဲ့ အမျိုးသားဝိသေသ လက္ခဏာ ၊ယဉ်ကျေးမှုနဲ့ နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်စိုးမှုကို အထူးလေးစားပြီး နိုင်ငံတိုင်းရဲ့ စီးပွားရေ၊ ကုန်သွယ်ရေး ၊ရင်းနှီးမြှုပ်နှံမှု ၊ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ အလုပ်အကိုင်များ တိုးတက်လာအောင် ငွေကြေး အရင်းအနှီးများ ၊ နည်းပညာများနဲ့ ကျွမ်းကျင်မှုများ တိုးတက်အောင် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု ဦးသိန်းဟန်ကပြောသည်။

ထို့ပြင် မြန်မာ နှင့် တရုတ် နယ်စပ် ကုန်သွယ်ရေးမှတဆင့် မြန်မာနိုင်ငံရှိ ဆန်စပါး ၊လယ်ယာထွက်ကုန်ပစ္စည်းများနှင့် သစ်သီးဝလံများကို ပိုမိုဝယ်ယူရောင်းချနိုင်အောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။

No comments:

Post a Comment