Saturday, May 25, 2019

ဒေါက်တာလဲ့လဲ့မော်အမှု တနင်္သာရီတိုင်း ဒုလွှတ်တော်ဥက္ကဋ္ဌကို လိုပြသက်သေအဖြစ် ခေါ်စစ်

ဒေါက်တာလဲ့လဲ့မော် အမှုနှင့်ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် တနင်္သာရီတိုင်း ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးကြည် စိုးကို ယမန်နေ့ ရုံးချိန်း၌ ပထမ အကြိမ် စတင်စစ်မေးသည်။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော် သည် ရာထူးတာဝန်ကို အလွဲသုံး၍ အဂတိလိုက်စားသည်ဆိုကာ ၎င်း အပါအဝင် GGS ကုမ္ပဏီထိပ်တန်း တာဝန်ရှိသူ သုံးဦးကို အဂတိ တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နှင့် ပုဒ်မ ၅၅/၆၆ တို့ဖြင့် တိုင်းတရားလွှတ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်စုံစမ်း စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်း က အမှုလေးမှုခွဲကာ တရားစွဲဆို ထားသည်။
မေလ ၂၄ ရက် ရုံးချိန်းတွင် အမှုတွဲလေးမှုနှင့်ပတ်သက်၍ စွပ် စွဲခံရသူများ၏အကျိုးဆောင်ရှေ့ နေများက တရားလိုပြသက်သေ တစ်ဦးဖြစ်သော တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးကို အပြန်အ လှန်စစ်မေးခဲ့သည်။ ‘‘သူသိတဲ့ အပိုင်းလေးတွေပဲ လာထွက်သွားတာပေါ့။ အဲဒီအ ပေါ်မှာပဲ   ကိုယ့်အမှုသည်ရဲ့ တောင်းဆိုချက်အရ ကျွန်တော်တို့ က  မေးခွန်းတွေပြန်ထုတ်တာပါ’’ ဟု  စွပ်စွဲခံရသူများ၏ အကျိုး ဆောင်ရှေ့နေ  ဦးနိုင်လင်းထွန်းက ရှင်းပြသည်။

  တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်စိုးက ‘‘လွှတ်တော်ရုံးက သိပြီးသားကိစ္စတွေ၊ စာရင်းစစ် ချုပ်ရုံးအစီရင်ခံစာပါ သိပြီးသား ကိစ္စတွေ၊ ကြားနာပွဲများက ရလာ တဲ့ အထောက်အထားတွေ အခြေ ခံပြီး ထွက်ဆိုခဲ့တာပါ’’ဟု ရှင်းပြ သည်။

မေလ ၂၄ ရက် ရုံးချိန်းတွင် စစ်ဆေးမှု မပြီးပြတ်သေးသဖြင့် လာမည့် ဇွန်လ ၃ ရက်နှင့် ၄ ရက် ရုံးချိန်းတွင် ဆက်လက်စစ်မေးမည်ဟု ဦးနိုင်လင်းထွန်းက ဆိုသည်။ လက်ရှိတွင် ဒေါက်တာလဲ့ လဲ့မော်အပါအဝင် GGS ကုမ္ပဏီ ထိပ်တန်းတာဝန်ရှိသူ  သုံးဦးကို ထားဝယ်အကျဉ်းထောင်၌ ထိန်း သိမ်းထားသည်။

No comments:

Post a Comment