Saturday, May 25, 2019

ဝေဠုကျော်အမှုတွင် တရားလိုဘက်က တင်သွင်းသည့် အသံဖိုင်များ ပြတ်သားခြင်းမရှိ၍ ပြန်လည်တင်သွင်းရမည်

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဝေဠု ကျော်၏အမှုအတွက် တရားလို ဘက်က တင်ထားသည့် အသံဖိုင် များသည် ပြတ်သားမှုမရှိသော ကြောင့် ပြန်လည်တင်သွင်းရန် ပြောကြားထားကြောင်း ဝေဠု ကျော်ဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးဖိုးဖြူက ပြောသည်။  ‘‘အသံဖိုင်က ဝါးနေတယ်၊ မကြည်လင်တာမျိုးတွေရှိတယ်။ တချို့မိနစ်တွေဆိုရင် စကားပြော ထားတာမရှိဘဲနဲ့ အချိန်တွေဖြုန်း သလိုဖြစ်နေတယ်။ အဲဒါကြောင့် ဒီထက်ပိုကောင်းတဲ့ အသံဖိုင်တွေ တင်ပေးဖို့ ရုံးတော်ကို လျှောက် ထားခဲ့တယ်’’ဟု ၎င်းက ပြော သည်။



ထို့ကြောင့် တရားရုံးဘက်က လည်း တရားလိုက တင်သွင်း သည့် အသံဖိုင်များ ပြန်လည်တင် သွင်းရန် ပြောကြားထားကြောင်း ၎င်းက ဆိုသည်။

တရားလိုဘက်က အသံဖိုင် များ ထပ်မံတင်သွင်းမည်ဖြစ်ပြီး တရားလိုဘက်မှ တင်သွင်းသည့် သက်သေများကို မကန့်ကွက်ခြင်း သည် ၎င်း၏အမှုသည်အတွက် ထိခိုက်မှုမရှိသောကြောင့် ဖြစ် ကြောင်း ရှေ့နေဦးဖိုးဖြူက ပြော ကြားသည်။

‘‘ကိုဝေဠုအတွက် အရေးမ ကြီးလို့ပါ။ ထိခိုက်နစ်နာစရာရှိတဲ့ ကိစ္စမျိုးမဟုတ်တဲ့အတွက် ကန့် ကွက်ခြင်းမရှိပါဘူး’’ဟု ဦးဖိုးဖြူ က ပြောသည်။

အဆိုပါအမှုကို မေလ ၂၄ ရက်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့ပြီး တရားလို မသင်းသင်းဦးဘက်မှ တင်သွင်း ထားသည့် အသံဖိုင်များကို စစ် ဆေးခဲ့သည်။ ထို့ပြင် ဝေဠုကျော် ဘက်က ရုံးချိန်းကင်းလွတ်ခွင့်တင် ပြခဲ့ရာ ရုံးတော်က လက်ခံသော် လည်း တရားလိုရှေ့နေက ကန့် ကွက်ခဲ့ကြောင်း ဦးဖိုးဖြူက ပြော သည်။

‘‘ကျယ်ပြန့်လျှောက်လဲချက် ကို ဇွန်လ ၅ ရက်နေ့မှာ နှစ်ဖက် ကြားနာမှာ ဖြစ်ပါတယ်။ ရုံးတော် က ကြားနာပြီးမှပဲ ကိုဝေဠုကို ရုံး ချိန်းတက်ရောက်ခွင့်ပြုမယ်၊ မပြု ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို နောက် ရုံးချိန်းတွေမှာ ကြားသိရမယ်ထင် ပါတယ်’’ဟု ဦးဖိုးဖြူက ပြော သည်။  ဝေဠုကျော်ဘက်က ရုံးချိန်း ကင်းလွတ်ခွင့်လျှောက်ထားသည့် အပေါ် တရားလိုမသင်းသင်းဦးက ‘‘မတရားဘူးလို့ထင်တယ်။ မိန်းမ သားဘက်ကတောင် မပျက်မ ကွက်လာတယ်။ သေရေး၊ ရှင်ရေး မဟုတ်တဲ့အတွက် အစ်မဘက်ကလည်း အတတ်နိုင်ဆုံးမပျက်ဘူး၊ ကန့်ကွက်မှာပဲ။ တရားတယ်လို့မှ မထင်တာ’’ဟု ပြောသည်။

No comments:

Post a Comment