Saturday, May 25, 2019

ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားသည့် မန်းမဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီဝင်ခုနစ်ဦးကို အစိုးရတရားစွဲ

မန္တလေးတိုင်း ပုသိမ် ကြီးမြို့နယ် ကျောက်ချောရွာတွင် အမျိုးသားရေး ဆရာတော် ဦးဝီရ သူ ဦးဆောင်ဖွင့်လှစ်ထားသည့် မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကော်မတီဝင်ခုနစ်ဦးကို အစိုးရက ပုသိမ်ကြီးမြို့နယ် တရားရုံး၌ တရားစွဲဆိုပြီး မေလ ၂၄ ရက်က တစ်ဦးလျှင် ကျပ်သိန်း ၃၀ ဖြင့် ခံဝန်ပေးခဲ့သည်။ မန်းမဟော်သဓာ အမျိုးသား ရေး ကိုယ်ပိုင်အထက်တန်း ကျောင်း တည်ဆောက်ရေးကော် မတီဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ခုနစ်ဦးကို ပုသိမ်ကြီးမြို့နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးညွန့်လင်းက တရားလို ပြုလုပ်၍ ၁၈၈၉ အထက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေပုဒ်မ ၆၉(၂)ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။


မေလ ၂၄ ရက်က ပုသိမ် ကြီးမြို့နယ် တရားရုံးသို့ တရားစွဲ ဆိုခံရသူ ခုနစ်ဦးအနက် ငါးဦး လာ ရောက်ပြီး ကျန်နှစ်ဦးသည် လာ မည့် ၃၁ ရက်တွင် တရားရုံးသို့ လာရောက်ရမည်ဖြစ်သည်။

‘‘ဒီအမှုက ပြစ်ဒဏ်အနေနဲ့ တစ်လနဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ အမှုတွေဖြစ်တယ်။ များသောအား ဖြင့် အာမခံလည်း ပေးလို့ရပါတယ်။ ခံဝန်ယူရတဲ့သူတွေလည်း ဂုဏ်သရေရှိ လူကြီးတွေ ပါဝင်နေ တဲ့အတွက် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိတယ်ဆိုတာ သိစေချင်တဲ့အ တွက် ယူလိုက်တာ’’ဟု မဟော် သဓာ အမျိုးသားရေးကျောင်း တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌ (၃) ဦးဇော်ဝိတ်က ပြော သည်။

အထက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေပုဒ်မ ၆၉(၂) သည် မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းပေါ်တွင် လုပ်ကိုင်သူများကို ဖယ်ရှားပေးရန် အသိပေးရာတွင် မလိုက်နာသဖြင့် တရားစွဲဆိုသည့် ပုဒ်မမျိုးဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေတစ်ဦးလည်းဖြစ် သည့် ဦးဇော်ဝိတ်က ရှင်းပြသည်။

မဟော်သဓာ ကျောင်း ဆောင်သစ် ဆောက်လုပ်ခွင့်မပြု သဖြင့် ပညာသင်ကြားလိုသည့် ချို့တဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက် နစ်နာ ကြောင်း ၎င်းက ဆိုသည်။

တရားလိုပြုလုပ်တိုင်တန်း သည့် ပုသိမ်ကြီးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးမှူး ဦးညွန့် လင်းကို ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်၍ မရပေ။

ဝီရသူဖောင်ဒေးရှင်းက ဦးဆောင်တည်ဆောက်မည့် မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း လေးထပ်ကျောင်းဆောင်သစ် ဆောက် လုပ်ရန် လွန်ခဲ့သည့်တစ်နှစ်ကျော်ကတည်းက တိုင်းဒေသကြီး အစိုးရထံ ခွင့်ပြုမိန့် လျှောက်ထားသော်လည်း မရရှိခဲ့ပေ။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုမိန့်ချထားပေး ခြင်းမရှိသော်လည်း မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့သည်။

 ပန္နက်ရိုက်အခမ်းအနား မကျင်းပမီ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက ကျောင်းဆောင်ဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌကို ခေါ်ယူတွေ့ဆုံခြင်း၊ ညနေတွင် တားမြစ်သည့် စာပေးပို့ခြင်း၊ ည တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့များ က လူကိုယ်တိုင် လာရောက်၍ တားမြစ်ခြင်းများ ပြုလုပ်ခဲ့သည်။

 မဟော်သဓာကျောင်း ဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ အစိုးရက တရားစွဲ ဆိုလာလျှင် ထောင် ၁၀ ကြိမ် ကျခံမည်ဟု ဦးဝီရသူက ပြောထား သည်။

အဆိုပါ ကိုယ်ပိုင်အထက် တန်းကျောင်း ကျောင်းဆောင် သစ်ကို လေးထပ်အဆောက်အအုံ အဖြစ် ဆောက်လုပ်မည်ဖြစ်ပြီး ကျပ်သိန်း ၄,၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း တည် ဆောက်ရေးကော်မတီဝင်များက ပြောသည်။ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း များကို ရန်ကုန်နှင့် တောင်ကုတ် မြို့တွင် ဖွင့်လှစ်ထားပြီး လက်ရှိ တွင် ကျောက်ချောကျေးရွာ၌ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်အား သင်ကြားနေသည်။

No comments:

Post a Comment