Saturday, May 25, 2019

ကျောက်ဆည်တွင် တရားမ၀င်ကာမအားဆေးထုတ်လုပ်သူကို အရေးယူ

ကျောက်ဆည်မြို့တွင် တရားမ၀င်ထုတ်လုပ်နေသော ကျပ် သိန်း ၂၀၀ ကျော်တန်ဖိုးရှိ အမျိုး သားကာမအားတိုးဆေးနှင့် ထုတ်လုပ်သည့်စက်နှစ်လုံးကို မေလ ၂၃ ရက်က ဖမ်းဆီးမိခဲ့သည်။ အိမ်သုံးဆေးဝါးအတုများ ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သ တင်းပေးမှုအရ မေလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်က ကျောက် ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် ၌ သံပန်းသံတံခါးလုပ်ငန်းလုပ် ကိုင်သူ ထွန်းလင်း(ခေါ်)ဂျူးဂျူး ၏နေအိမ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး အဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ များက ၀င်ရောက်ရှာဖွေခဲ့သည်။



ထိုသို့ရှာဖွေရာတွင် တရား မ၀င်ထုတ်လုပ်နေသော အမျိုး သားကာမအားတိုးဆေးနှင့် ထုတ် လုပ်သည့်စက်အပြင် ဆက်စပ် ဓာတုပစ္စည်းများ၊ အခြားဆက်စပ် ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုးကျပ်သိန်း ၂၀၀ ကျော်ရှိပစ္စည်းများကို ဖမ်းဆီးမိခဲ့သည်။
‘‘သတင်းရလို့ သွားပြီးဝင် ရောက်ရှာဖွေတာပါ။ လိုင်စင် လည်းမရှိဘူးဗျ။ အိမ်မှာပဲထုတ် နေတာ။ ထုတ်တာကြာပြီ။ ကျွန် တော်တို့လည်း အခုမှသိလို့ အခု မှသွားဖမ်းတာ။ အဲဒီမှာလုပ်တဲ့ စက်ကနှစ်လုံးရှိတယ်။ ဆေးဝါး တွေတွေ့တယ်။ အများစုက ကာမအားတိုးဆေးတွေ။ လက်ရှိ  ဈေးကွက်ထဲမှာဖြန့်နေလားဆို တော့ အဲဒါလေးကတော့ စစ် ဆေးတုန်းပါ’’ ဟု ကျောက်ဆည် မြို့မရဲစခန်းမှ ဒုရဲမှူးဝင်းဇော်မြင့် က ပြောသည်။

တရားမ၀င်ကာမအားတိုး ဆေးအမျိုးအစား ၁၇ မျိုးမှ ဘူး ရေ ၉၀၀ ခန့် ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

ဖမ်းဆီးရမိသည့် ဆေးများ သည် အွန်လိုင်းပေါ်တွင် ရောင်းချ နေသည့်ကာမအားတိုးဆေးများ ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ)ဆေးဝါးကြီးကြပ် ဦးစီးအရာရှိ ဦးစိုင်းဘုန်းမြင့် ကျော်က ပြောသည်။

‘‘အွန်လိုင်းမှာ အဓိက ရောင်းနေတဲ့ကာမဆေးဝါးတွေ ဖမ်းမိတာပါ။ အွန်လိုင်းမှာ ဘယ် နိုင်ငံက ထုတ်လုပ်တယ်ဆိုပြီး ရောင်းချနေပေမယ့် တကယ် တမ်းက ဒီပြည်တွင်းမှာပဲ ထုတ် လုပ်နေတဲ့ဆေးတွေဖြစ်တယ်။ ကုန်ကြမ်းတွေအကုန်က တရုတ် က၀င်တယ်။ ထုတ်လုပ်တာက တော့ ဒီရောက်မှ အကုန်လုပ်တာ။ ဆေးဝါးထုတ်လုပ်တဲ့စက်ကအစ ၀ယ်ထားတာ။ အရင်ကတော့ ရောင်းတဲ့ဆိုင်တွေမိတာပေါ့။ အ ခုက ထုတ်လုပ်တဲ့နေရာကို မိ တာ’’ ဟု ဦးစိုင်းဘုန်းမြင့်ကျော်က ပြောသည်။

အဆိုပါတရားမ၀င်ထုတ် လုပ်သည့်ဆေးဝါးများတွင် အသုံး ပြုသည့်ကုန်ကြမ်းပစ္စည်းများ မမှန်ခြင်း၊ ပါဝင်သည့်အချိုးအစား မမှန်ခြင်းတို့ကြောင့် ဘေးထွက် ဆိုးကျိုးများစွာဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။ ထို့ကြောင့် ထွန်းလင်း(ခေါ်) ဂျူးဂျူးကို ကျောက်ဆည်မြို့မ ရဲစခန်း၌ ထိန်းသိမ်းထားပြီးအမျိုး သားဆေးဝါးဥပဒေပုဒ်မ (၁၈)အရ အမှုဖွင့်အရေးယူထားသည်။

No comments:

Post a Comment