Saturday, May 25, 2019

လိဂ်ဒုတိယအကျော့တွင် ရတနာပုံအိမ်ကွင်းအဖြစ် မန္တလာသီရိကွင်း အသုံးပြုမည်

ရတနာပုံအသင်း အိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဗထူးအားကစားကွင်းကို အကြီးစား ပြင်ဆင်နေသဖြင့် မြန်မာလိဂ်ဒုတိယအကျော့ပွဲစဉ်များကို မန္တလာသီရိကွင်းသို့ ပြောင်းရွှေ့ ကစားမည်ဖြစ်ကြောင်း အသင်းအထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင် က ပြောသည်။ ‘‘အသင်းဘက်ကနေ မြန်မာလိဂ်ကော်မတီကို ကွင်းအသုံးပြု ခွင့် တင်ထားပြီးပါပြီ။ မြန်မာလိဂ် ဘက်ကနေ ၀န်ကြီးဌာနကို ဆက်တင်ထားပါတယ်။ ၀န်ကြီးဌာနဘက်ကတော့ ပြန်ပြီးအကြောင်း ကြား စာမရသေးဘူး။ မန္တလာသီရိကွင်းကို ပြောင်းဖို့ကတော့ သေချာပါပြီ’’ဟု ၎င်းကဆိုသည်။



ရတနာပုံအသင်းသည် ၂၀၁၉ မြန်မာလိဂ်ဒုတိယ အကျော့တွင် ပွဲစဉ်လေးပွဲကို အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။  မြန်မာလိဂ် ဒုတိယအ ကျော့ ပွဲများကို ဇွန်လ ၁၅ ရက်တွင် ပြန်လည်စတင်မည် ဖြစ် သည်။ မန္တလေးမြို့ရှိ ဗထူးအားက စား ကွင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ်သိန်း ၁,၈၀၀ ကျော် အသုံးပြု၍ အဆင့်မြှင့်တင်မှုများကို မေလ ၁၇ ရက်က စတင်ပြုလုပ်နေပြီး စက်တင်ဘာကုန်တွင် လုပ်ငန်းပြီးစီးမည် ဖြစ်သည်။

ဗထူးအားကစားကွင်း အဆင့်မြှင့်တင်မှုတွင် တိုင်းဒေသကြီးရုံး RC နှစ် ထပ် တိုးချဲ့တည်ဆောက်ခြင်း၊ ရေနုတ်မြောင်း ပြုလုပ်ခြင်း၊ အ၀ီစိတွင်းတူးခြင်း၊ ကွင်းမြက်နှာပြင် ၁ ပေ နုန်းတင်မြက်စိုက်ခြင်း၊ အထူးတန်း ပွဲကြည့်စင်ပြုပြင်ခြင်း၊ ရိုးရိုးတန်း ပွဲကြည့်စင် နှစ်ဖက်ပြုပြင်ခြင်းများ ပါဝင်သည်။ လက်ရှိတွင် ဗထူးကွင်းမြက်နှာပြင်ကို ပြုပြင်နေ သည်။ ရတနာပုံအသင်းသည် ၂၀၁၀ ရာသီ မြန်မာလိဂ်ပြိုင်ပွဲ က စတင်ကာ ဗထူးအားကစား ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့သည်။ ထို့နောက် ၂၀၁၆ ဒုတိယရာသီဝက်က စတင်ကာ မန္တလာသီရိ အားကစားကွင်းကို ငှားရမ်းအသုံးပြုခဲ့ပြီး ၂၀၁၉ ရာသီအစတွင် ဗထူးကွင်းကို အိမ်ကွင်း အဖြစ် ပြန်လည်အသုံးပြုခဲ့သည်။

No comments:

Post a Comment