Saturday, May 25, 2019

ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့်မြောက်ဥက္ကလာပတို့၌ မူးယစ်​​ဆေးများသိမ်းဆည်းရမိ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ် ကွက်ရှိ ​နေအိမ်​တစ်​အိမ်ကို သက်​ဆိုင်​ရာက ဝင်​​ရောက်​ရှာ​ဖွေခဲ့ရာ ငွေကျပ်​ ၁၇ သိန်းကျော်​ တန်​ဖိုးရှိ မူးယစ်​​ဆေးများဖမ်းဆီးရမိ​ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့က​ မေ ၂၄ ရက်​က သတင်းထုတ်​ပြန်​သည်​။ေ မ ၂၂ ရက် ညပိုင်းတွင်​ သက်​ဆိုင်​ရာ ရဲတပ်​ဖွဲ့မှ သတင်းအရ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက် ဗိုလ်မြင့်အောင်လမ်း၌ နေထိုင်​သည့် ကိုမြင့်သူ အသက်​ (၃၀) မောင်း နှင်သည့် ​မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေခဲ့ရှာ ၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ် ကပ်အတွင်းမှ စိတ်ကြွဆေးပြား ၁၆၃ ပြား နှင့် လက်ကိုင်ဖုန်းတစ်​လုံးတို့ သိမ်းဆည်းရမိခဲ့သည်။



ယ​င်းနောက်​ ၎င်း၏နေအိမ်တွင် မူးယစ် ဆေးဝါးများကျန်ရှိနေသေးကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့်​ဆက်လက်ရှာဖွေရာ နေအိမ် နောက်ခန်းရှိ စက္ကူဘူးအတွင်းမှ စိတ်ကြွဆေးပြား ၇၄ ပြား၊ အိုက်စ်အလေးချိန် ၁၇ ဂရမ်၊ ဆေး ခြောက်ဘလောက်တုံး အလေးချိန် ၃၀ ဒသမ ၃၃ ဂရမ် စုစုပေါင်း ကျပ် ၁၇သိန်းကျော်ဖိုးနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်​။

ထို့ကြောင့် ကိုမြင့်​သူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။

အလားတူ ​​မြောက်​ဥက္ကလာပမြို့မရဲစခန်းမှ တပ်​ဖွဲ့ဝင်​များသည်​ သတင်းအရ သက်​​သေ များနှင့်​အတူ မြောက်​ဥက္ကလာပမြို့နယ်​ (ည) ရပ်​ကွက်​ ဘုမ္မာ ၁၃ လမ်းရှိ နေအိမ်​တစ်အိမ်ကို ဝင်​​ရောက်​ရှာ​ဖွေရာ အိမ်​ရှင်​ဖြစ်​သူကိုမ​တွေ့ ရဘဲ မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် တွင်​ ​နေထိုင်​သည့်​ ကိုချိုညီညီ(ခ)ဖိုးချို (၂၅) နှစ်​ခန့်ကိုတွေ့ရပြီး ​​ငွေကျပ်​သိန်း ၆၀ ခန့် တန်​ဖိုးရှိ စိတ်ြွကဆေးပြား ၁၁၀ဝ၊ အိုက်စ်ဂရမ်​ ၄၀ နှင့်​ ​ဆေး​ခြောက်၆၇ ဂရမ်​ခန့်​သိမ်းဆည်း ရမိခဲ့သဖြင့် ကိုချိုညီညီ(ခ)ဖိုးချိုအား မူးယစ်​​ဆေးဝါးနှင့်​ စိတ်​ကို​ပြောင်းလဲ​စေသည့်​​ဆေးဝါး များဆိုင်​ရာဥပ​ဒေဖြင့်​ အမှုဖွင့်ထား​သည်​။

No comments:

Post a Comment