Saturday, May 25, 2019

အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေး သဘောတူစာချုပ်တွင် မြန်မာ လက်မှတ်ရေးထိုးမည်

အာဆီယံဝန် ဆောင်မှုကုန်သွယ်ရေးသဘော တူစာချုပ်၌ မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထိုးရန် ပြည်ထောင် စုလွှတ်တော်က မေလ ၂၃ ရက်တွင် အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံက အထက်ပါ စာချုပ်ကို ယခုနှစ်နိုဝင်ဘာတွင် ကျင်းပမည့် (၃၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအ ဝေး၌ အခြားအာဆီယံနိုင်ငံများ နှင့်အတူ လက်မှတ်ရေးထိုးမည် ဖြစ်သည်။



အာဆီယံဝန်ဆောင်မှုကုန် သွယ်ရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီ ယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ခြင်း၊ ပြည်  တွင်းအလုပ်အကိုင်၊ ဈေးကွက်  အခွင့်အလမ်းနှင့် နိုင်ငံခြားဝင်ငွေ ရရှိမှုများတိုးမြင့်လာနိုင်မည်ဖြစ် ပြီး ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင် ဆောင်ရွက်မှုများလည်း အ ထောက်အကူပြုနိုင်မည် ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဒုတိယ၀န်ကြီး ဦး အောင်ထူးကယမန်နေ့တွင် လွှတ် တော်၌ပြောသည်။ စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ဒဂုံ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာသက်သက် ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒ နယ်အမှတ် (၄) အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးသန်းစိုး (ဘောဂဗေဒ)၊ ဧရာဝတီတိုင်းဒေ သကြီးမဲဆန္ဒနယ်အမှတ် (၃) အ မျိုးသားလွှတ်တော် ကိုယ်စား လှယ်ဦးဆန်းမြင့်နှင့် မွန်ပြည် နယ်မဲဆန္ဒနယ်အမှတ် (၂) အမျိုး  သားလွှတ်တော်ကိုယ်စားလှယ်   ဒေါ်နွယ်နွယ်အောင်တို့က အကြံ ပြုဆွေးနွေးခဲ့သည်။ အဆိုပါဝန်ဆောင်မှုကုန် သွယ်ရေးသဘောတူစာချုပ်တွင် အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံက လက်မှတ်ရေးထိုးပြီးဖြစ်ပြီး မြန် မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ တို့ကျန်ရှိနေခြင်းဖြစ်သည်။

No comments:

Post a Comment