Saturday, May 25, 2019

သီရိလင်္ကာဗုံးခွဲမှုနှင့် ဆက်စပ်သံသယရှိသူ ပြည်တွင်းမှ ထွက်ခွာသွားပြီဟု သမ္မတရုံးပြော လက်ရှိဖမ်းဆီးထားသူကို စိစစ်ဆဲဟုဆို၊ ဖမ်းဆီးခံရသူကိုသိရှိကြောင်း ကျောက်ရောင်းဝယ်သူအချို့ပြော

လူ ၂၉၀ ကျော် သေဆုံးခဲ့သည့် သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ဆက်စပ်၍ သံသယရှိသူမှာ ပြည်တွင်းမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် လက်ရှိဖမ်းဆီးထားသူကို စိစစ်ဆဲဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော သည်။ ‘‘သံသယဖြစ်ဖွယ်ပုဂ္ဂိုလ်က ပြန်ထွက်သွားပြီး တော့ သူနဲ့အတူတူ လေယာဉ်တစ်စီးတည်းလာတယ်၊ ဗီဇာအတူတူယူတယ်၊ ပြီးရင်အတူတူရောက်လာတဲ့သီရိ လင်္ကာနိုင်ငံသားတစ်ယောက်က ဒီမှာကျန်ခဲ့တယ်။ ကျန်ခဲ့တော့ အဲဒါကို လိုက်လံရှာဖွေတဲ့အခါ မှာ ဟိုတယ်ခရီးက ဟိုတယ်တွေ ကိုမေးတဲ့စာပေါ့နော်၊ အဲဒါကအ ပြင်ကိုရောက်သွားတာပေါ့။
မ နေ့ကတော့ ကာယကံရှင်ကိုယ် တိုင် Facebook ကနေသတင်း  တွေပျံ့နှံ့နေတဲ့အပေါ်မှာ မူတည် ပြီးတော့ရဲစခန်းကို လာပြီးရှင်းပြ တယ်။ သူကအကြမ်းဖက်သမား မဟုတ်ဘူးပေါ့။ သူဘာမှမလုပ်ပါ ဘူးလို့အဲဒီလိုလာရှင်းပြတယ်။ သို့သော်လည်း လက်ရှိအခြေအ နေမှာတော့သူ့ကို ဒီကနေ ရဲတပ် ဖွဲ့က တာဝန်ရှိသူတွေက သူ့ရဲ့ ထွက်ဆိုချက်ကို စိစစ်နေတဲ့ကာ လဖြစ်ပါတယ်’’ ဟု မေလ ၂၄ ရက်ကနေပြည်တော် NRPC ရုံး တွင် မီဒီယာများ၏ မေးမြန်းမှုအ ပေါ်ဦးဇော်ဌေးကဖြေကြားသည်။

သီရိလင်္ကာ နိုင်ငံသားသည် မြန်မာနိုင်ငံသို့ ကျောက်မျက်အရောင်းအ၀ယ်ကိစ္စဖြင့် လာ ရောက်ခြင်းဖြစ်ကြောင်းနှင့် ရန် ကုန်၊ မန္တလေးမြို့များသို့သွား ရောက်ခဲ့ကြောင်း အကြမ်းဖျင်း ထွက်ဆိုထားသည်ဟု ဦးဇော် ဌေးကဆိုသည်။

အဆိုပါ သီရိလင်္ကာနိုင်ငံ သား Mr. Abdul Salam Irshadmohmood ကို သီရိ လင်္ကာနိုင်ငံ ကိုဘံဘိုမြို့၊ နီဂွမ်ဘို မြို့နှင့် ဘတ်ကီကာလေမြို့တို့၌ အသေခံဗုံးခွဲအကြမ်းဖက်တိုက် ခိုက်မှုတွင် ဖမ်းဆီးရမိသော တ  ရားခံများနှင့် ဆက်စပ်ပတ်သက် သည်ဆိုကာ မေလ ၂၃ ရက် ညနေတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ အဆိုပါသီရိလင်္ကာ နိုင်ငံသားမှာ ဗုံးခွဲမှုဖြစ်စဉ်တွင်  ပတ်သက်မှုမရှိနိုင်ဘဲ ဗိုလ်ချုပ်  ဈေးကျောက်ဝိုင်း၌ ပုံမှန်ကျောက်  ရောင်းဝယ်နေသူတစ်ဦးသာဖြစ် ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပေါ်တွင် ၎င်း၏ သူငယ်ချင်းဆို သူများက ရေးသားခဲ့သည်။

 နီပေါကျောက်မျက်မာဖီး ယားဂိုဏ်းက သီရိလင်္ကာနိုင်ငံ သား Mr.Abdul Salam Irshadmohmood ၏ငွေများကို  လိမ်လည်ရယူပြီး မြန်မာအစိုးရ တာဝန်ရှိသူများကိုလိမ်လည်သ တင်းပေးပို့ခဲ့ကြောင်း၊ ထိုသို့ လိမ်လည်ခံရပြီးနောက် ၎င်း၏ သူငယ်ချင်းက အစားအသောက် ကျွေးမွေးထားကြောင်း  Akbar Khan အမည်ရှိ ဖေ့စ်ဘွတ်ခ်အ ကောင့်က Gem Fraudအမည်ရှိ Group တွင် မေလ ၂၃ ရက်  ညနေက ရေးသားထားသည်။

ထို့ကြောင့် 7Day Daily သတင်းစာက ယင်းကျောက်ဝိုင်း    သို့ မေလ ၂၄ ရက်နေ့လယ်တွင်   Mr.Abdul Salam Irshadmoh-mood ၏ ဓာတ်ပုံကို ပြသ၍သွား ရောက်မေးမြန်းရာ ကျောက် ရောင်းဝယ်နေသူများနှင့် အနီးအ နားရှိလက်ဖက်ရည်ဆိုင်ဝန်ထမ်း အချို့အပါအ၀င် စုစုပေါင်းခုနစ် ဦးခန့်က ၎င်းကိုသိရှိမြင်တွေ့ ဖူးသည်ဟုပြောသည်။

အသက် (၅၀) နှစ်အရွယ်  ကျောက်ရောင်းဝယ်သူတစ်ဦးက  ‘‘သိတယ်၊ သိတယ်၊ အဲဒီလူကို။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကမှ သူ ဒီနားကဆိုင်မှာ သူ့သူငယ်ချင်း   နိုင်ငံသားတွေနဲ့အတူလာထိုင် သေးတယ်။ ကျောက်တွေကြည့် တယ်။ ဒါပေမဲ့တစ်ခါမှ ဈေးတည့်တာမတွေ့ဘူး။ သူ့ပုံစံကတော့ရိုးရိုးနဲ့ပုံမှန်ပါပဲ’’ ဟု ပြောသည်။

အခြားကျောက်ရောင်းဝယ်  သူတစ်ဦးကလည်း ‘‘ကျွန်တော် လည်းသိတယ်။ အဲဒီလူကိုပြီးခဲ့တဲ့ တစ်လပိုင်း (၂၀၁၉ ဇန်န၀ါရီ) ကကျောက်မျက်ပြပွဲတစ်ခုမှာ ကျွန်တော့်ပြခန်းမှာ လာကြည့် သွားသေးတယ်’’ ဟု ပြောသည်။

အထက်ပါ ကျောက် ရောင်းဝယ်သူနှစ်ဦးအပြင် ဗိုလ်  ချုပ်ဈေးကျောက်ဝိုင်း၌ ကျောက် ရောင်းဝယ်နေသူများကလည်း အဖမ်းခံထားရသည့် သီရိလင်္ကာ   နိုင်ငံသား Mr.Abdul Salam Irshadmohmood ကိုကျောက် ၀ိုင်း၌ မြင်တွေ့ဖူးသည်ဟုဆိုသည်။

 သီရိလင်္ကာနိုင်ငံသား ကျောက်ဝိုင်းသို့လာစဉ် စား သောက်လေ့ရှိသည့် လက်ဖက် ရည်ဆိုင်မှ ၀န်ထမ်းတစ်ဦးက လည်း ‘‘သူအဖမ်းခံထားရတယ်လို့ မနေ့ကကြားလိုက်တယ်။ သူက ကျွန်တော်တို့ဆိုင်မှာ အမြဲတမ်း လာထိုင်နေကျ။ သူ့သူငယ်ချင်း   တွေနဲ့’’ ဟု ပြောသည်။

ထို့အပြင် ဗုံးခွဲမှုဖြစ်စဉ်တွင် သံယရှိသူဆိုသည့် သီရိလင်္ကာ နိုင်ငံသားတည်းခိုခဲ့သော ၃၁ လမ်းရှိ Scott Hostel သို့မေလ  ၂၄ ရက်နေ့လယ်တွင် 7Day သတင်းထောက်များက သွား ရောက်မေးမြန်းခဲ့သည်။ ၎င်းသည် ယင်း Hostel ၌ မေလ ၃ ရက်မှ ၁၂ ရက်အထိ တည်းခိုခဲ့သည်ဟု  ၀န်ထမ်းတစ်ဦးကပြောသည်။

အဆိုပါ ၀န်ထမ်းက ‘‘ဒီမှာ နေတော့ထူးခြားတာမတွေ့ရပါ ဘူး။ အေးအေးဆေးဆေးပုံမှန်ပါ ပဲ။ တစ်ခါတလေသူ့သူငယ်ချင်း  တွေလာခေါ်တယ်။ နိုင်ငံသားတွေ ပဲ။ ဧည့်ခန်းမှာပဲထိုင်ပြီးတော့ အင်္ဂလိပ်လိုပဲပြောကြတယ်။ ဘာ တွေပြောတယ်ဆိုတာကျွန်တော် တို့မသိပါဘူး’’ ဟု ပြောသည်။

Hostel ရှိအခန်းများမှာ  လေးယောက်တစ်ခန်း၊  ငါး ယောက်တစ်ခန်းစသဖြင့် စုပေါင်း   အခန်းများသာဖြစ်ပြီး ၎င်းသည် တစ်ဦးတည်း နေခြင်းမဟုတ်ဘဲ အခြား ဧည့်သည်များနှင့်အတူ တည်းခိုခဲ့ခြင်းဖြစ်ကြောင်း အ ထက်ပါဝန်ထမ်းကဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ရန်ကုန်မြို့ရှိ သီရိလင်္ကာနိုင်ငံ  သံရုံးသို့ 7Day Daily သတင်းစာ  က ယမန်နေ့မွန်းလွဲတွင် လူ ကိုယ်တိုင်သွားရောက်မေးမြန်းရာ မကြာမီအသေးစိတ်ဖြေကြား  မည်ဖြစ်ပြီး ဆက်သွယ်ရန် သံရုံးဝန်ထမ်းတစ်ဦးက   ပြောကြားသည်။

No comments:

Post a Comment