Saturday, May 25, 2019

ကစားသမားများ ကျေနပ်မနေရန် ဘိုင်ယန်ဥက္ကဋ္ဌ သတိပေး

ယနေ့ည RB လိုက်ပ် ဇစ်နှင့် ကစားမည့် DFB ပိုကယ် ဖလားဗိုလ်လုပွဲမတိုင်မီ ဘိုင်ယန် မြူးနစ်ဥက္ကဋ္ဌ အူလီဟိုးနက်စ်က ကိုယ့်ကိုယ်ကိုယ် အားရကျေနပ် ခြင်းမရှိရန် ကစားသမားများကို သတိပေးသည်။ ဘိုင်ယန်သည် ဘွန်ဒက်စ်လီ ဂါ အမှတ်ပေးဖလား ချန်ပီယံဘွဲ့ ကို ဆက်လက်ထိန်းသိမ်းရန် အ သည်းအသန် ကြိုးပမ်းခဲ့ရပြီး နောက်ဆုံးပွဲစဉ်အရောက် အနီး ကပ်ဆုံးပြိုင်ဘက်ဒေါ့မွန်ထက် နှစ်မှတ်အသာဖြင့် ချန်ပီယံဖြစ်ခဲ့ သည်။



ယခုအခါဘိုင်ယန်အနေဖြင့် လိုက်ပ်ဇစ်နှင့်ရင်ဆိုင်မည့် ပို ကယ်ဖလားဗိုလ်လုပွဲကို အာရုံ စိုက်ရမည်ဖြစ်ပြီး နည်းပြ နီကိုကို ဗက်စ်၏ ပွဲဦးထွက်ရာသီ၌ ပြည် တွင်းဖလားနှစ်လုံး ဆွတ်ခူးမည့် အခွင့်အရေးရှိနေသည်။

ယခုနှစ် ဘွန်ဒက်စ်လီဂါတွင် လိုက်ပ်ဇစ်က ပေးဂိုး ၂၉ ဂိုးဖြင့် ခံစစ်အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးခဲ့သဖြင့် ယခု ဗိုလ်လုပွဲသည် ဘိုင်ယန်လွယ်ကူ မည်မဟုတ်ပေ။

အောက်ခြေမလွတ်ရန်နှင့် ကိုယ့်ကိုယ်ကိုယ်အားရကျေနပ် ခြင်းမရှိရန် ဟိုးနက်စ်က ယင်းပွဲ မတိုင်မီ ဘိုင်ယန်ကစားသမားများ ကို တိုက်တွန်းခဲ့သည်။

ဘိုင်ယန်သည် ပြီးခဲ့သည့်နှစ် က နီကိုကိုဗက်စ်ကိုင်တွယ်သော ဖရန့်ဖတ်ကို ပိုကယ်ဖလားဗိုလ်လု ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

‘‘ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ် ကလို နည်းနည်းလေးမှမဖြစ် အောင် ဂရုစိုက်ရပါမယ်’’ ဟု ဟိုး နက်စ်က ပြောသည်။

ထိုအတောအတွင်း မန်စီး တီးတောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူရန်ပစ်မှတ်ထား နေသော ဘိုင်ယန်အသင်းကို ယခုနှစ်ဘွန်ဒက်စ်လီဂါဂိုးသွင်းဘု ရင် ဘိုင်ယန်တိုက်စစ်မှူး လီဝန် ဒေါစကီးက ချီးကျူးခဲ့သည်။ နည်းပြဂွာဒီယိုလာ၏ လက် ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ပျောက် ဆုံးနေသော ဂျာမနီလက်ရွေးစင် ဆာနေးကို ခေါ်ယူရန်စိတ်ဝင်စား ကြောင်း ဟိုးနက်စ်ကအတည်ပြုခဲ့ သည်။

No comments:

Post a Comment