Saturday, May 25, 2019

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KHCC တို့ မြစ်ကြီးနား၌ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ရန် ညှိနှိုင်း မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သွားသည့် စစ်ရှောင်များ လုံခြုံရေးနှင့် ထောက်ပံ့ရေး ဆောင်ရွက်ရန် သဘောတူ

 ပြည်ထောင်စုအစိုးရနှင့် ကချင်ပြည်နယ်အစိုးရ တာဝန်ရှိ သူများ ပါဝင်သည့် ကချင်ပြည် နယ်ရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့နှင့် ကချင်ဘာသာရေးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသော ကချင်ဒေသ စစ်ဘေးရှောင်ပြည် သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)သည် ယမန်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံ၍ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့သည်။

 အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRCC)နှင့် KHCC တို့အကြား ဧပြီက ပြုလုပ်သည့် စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးဆိုင်ရာ နေပြည် တော် ဆွေးနွေးပွဲအပြီးတွင် ယခု ကဲ့သို့ အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် KHCC တို့ ထပ်မံဆွေးနွေးခြင်း ဖြစ်သည်။

ထိုသို့ ဆွေးနွေးရာတွင် စစ် ရှောင်များ ပြန်လည်နေရာချထား ရေးမစတင်မီ မိမိအစီအစဉ်ဖြင့် ပြန်သွားသည့် စစ်ရှောင်များကို ထောက်ပံ့နိုင်ရေး လေ့လာဆန်း စစ်ရန် အပါအဝင် အချက်လေး ချက် သဘောတူညီခဲ့သည်ဟု KHCC တွဲဖက်အတွင်းရေးမှူး ဖာသာနော်လတ်က ပြောသည်။

 ထို့အပြင် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင်များ ပြန်နိုင် ရေးဆိုင်ရာ အစီအမံများ ရေးဆွဲ ရန် လိုအပ်သည့် အချက်အလက် များ ကောက်ယူခြင်းနှင့် လတ်တ လော ချက်ချင်းဆောင်ရွက်ရမည့်ကိစ္စများအတွက် နှစ်ဖက်ဆက် သွယ်ဆက်ဆံရေးယန္တရား ထူ ထောင်ရန်ဖြစ်သည်။

‘‘ဥပမာ ပညာရေး၊ ကျန်းမာ ရေး ဘာညာရှိလာရင် ဘယ်လို ပုံစံနဲ့ ဆက်သွယ်ဆက်ဆံကြမလဲ ဆိုတဲ့အပိုင်းကို သဘောတူခဲ့ကြ ပါတယ်’’ဟု ဖာသာနော်လတ်က ပြောသည်။

စစ်ရှောင်များ နေရပ်ပြန်နိုင် ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇွန်လ နောက်ဆုံးပတ်တွင် နေပြည်တော်၌ ကျင်းပရန် သဘောတူညီခဲ့ သည်။ ယင်းသို့ဆွေးနွေးပွဲများကို နေပြည်တော်နှင့် မြစ်ကြီးနား တစ် လှည့်စီပြုလုပ်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့ ပထမဆုံးစလုပ်နိုင်မှာ ပြန်နေပြီးသား နေရာကို ကျွန်တော်တို့ ဘယ်လို ပံ့ပိုးမလဲဆိုတဲ့ဟာက လုံခြုံရေး ကိစ္စနဲ့ ပံ့ပိုးမယ့်ကိစ္စကို တပ်နှစ် တပ်နဲ့ အစိုးရအဖွဲ့နဲ့ ကျွန်တော် တို့ KHCC ပူးပေါင်းပြီး၊ ညှိနှိုင်းပြီး ဘယ်လိုလုပ်မလဲဆိုတာ ပထမ ခြေလှမ်းဖြစ်ပါတယ်’’ဟု ဖာသာ နော်လတ်က ပြောသည်။

 ဒုတိယအဆင့်အနေဖြင့် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့နှင့် KHCC အဖွဲ့တို့ ဆွေးနွေးညှိနှိုင်း ပြီး လက်ရှိစစ်ရှောင်စခန်းများ၏ အခြေအနေများကို ဆန်းစစ်လေ့ လာကာ တပ်မတော်၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) နှင့် ညှိနှိုင်းပြီး ပြန်လည်နေရာချထားရေး ပြု လုပ်ရန် ဖြစ်နိုင်ခြေရှိသည့် စခန်းများ ရွေးချယ်ရန် စီစဉ်ထား ကြောင်း ၎င်းက ရှင်းပြသည်။

‘‘KIO က ဖြစ်နိုင်ခြေရှိတဲ့ သဘောတူတဲ့ အရာလေးတွေနဲ့ တပ်က သဘောတူတဲ့ အရာလေး တွေ ညှိနှိုင်းလိုက်ပြီးမှပဲ အဲဒီအချိန် ကျမှ စပြောလို့ရမယ်’’ဟု ဖာသာ နော်လတ်က စစ်ရှောင်များ နေရပ်ပြန်ရေး လုပ်ငန်းအစပြုနိုင်မည့် အခြေအနေကို ရှင်းပြသည်။ တပ်မတော်နှင့် KIO/KIA အကြား ၂၀၁၁ က စတင်၍ တစ်ကျော့ပြန်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကချင်ဒေသခံ ပြည် သူအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိပြီး လူဦးရေ သိန်းချီ၍ စစ်ဘေးဒုက္ခကြုံခဲ့ရသည်။ လက် ရှိအချိန်ထိ စစ်ရှောင်စခန်း ၁၀၀ ကျော်တွင် လူဦးရေ တစ်သိန်း ကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

No comments:

Post a Comment