Saturday, May 25, 2019

ကျောင်းဆိုင်ခန်းနေရာများ ပြန်လည်မအပ်ပါက တရားစွဲဆိုရန် ပညာရေးဝန်ကြီးဌာန ဆုံးဖြတ်ထား ယခင်အစိုးရစာရင်းအရ ရန်ကုန်တိုင်းအတွင်း ကျောင်းသက်သာဆိုင် ၄,၇၀၀ ကျော်ရှိ

အခြေခံပညာ ကျောင်းမြေနေရာများ၌ ဆိုင် ခန်းငှားရမ်းမှုများ လုံးဝခွင့်မပြု တော့ဘဲ ငှားရမ်းပြီးကိစ္စများတွင် စာချုပ်ပြည့်ချိန် နေရာပြန်မအပ် ပါက တရားစွဲဆိုမည်ဟု ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ေ မလ ၂၄ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ကျိုက်မရောမဲဆန္ဒ နယ်မှ ဦးစောကျော်ဝင်း၏ ပညာ ရေးဝန်ကြီးဌာနပိုင် မြေနေရာများ ၌ အဆောက်အအုံ ဆိုင်ခန်း ငှားရမ်းထားခြင်းများကို ဖျက် သိမ်းပြီး ပြန်လည်ရယူခြင်းဆောင် ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေး ခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာ တွင် ပညာရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားသည်။

ကျောင်းမြေနေရာများ၌ ယခင်ငှားရမ်းထားသော ဆိုင်ခန်း အားလုံးကို စာချုပ်သက်တမ်း အသစ်တိုးပေးခြင်း၊ စာချုပ်သက် တမ်းပြင်ဆင်ခြင်း၊ စာချုပ်အသစ် ချုပ်ဆိုခြင်းများ လုံးဝခွင့်မပြုတော့ ဘဲ သက်တမ်းပြည့်သည်နှင့်ဆက် လက်ငှားရမ်းခြင်း မပြုရန် ပညာ ရေးဝန်ကြီးဌာနက ဆောင်ရွက် ထားကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

‘‘သက်တမ်းပြည့်သော် လည်း လက်ဝယ်ပြန်လည်မရရှိ သေးတဲ့ မြေနေရာနဲ့အဆောက်အ အုံများကို ဌာနလက်ဝယ်ရရှိရေး အတွက် တရားစွဲဆိုခြင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် စီမံခန့်ခွဲမှုနည်းလမ်းအရ ညှိနှိုင်း ခြင်းတို့ကို ဆောင်ရွက်နေပါ တယ်’’ ဟု ၎င်းကဆိုသည်။

အခြေခံပညာကျောင်းပရိ ဝုဏ်အတွင်းနှင့် မျက်နှာစာတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများ နှင့် ကျူးကျော်နေထိုင်နေသည့် အိမ်ခန်းအားလုံးကို ဖယ်ရှား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က ၂၀၁၇ ၌ စီစဉ်ဖူးသည်။ ငှားရမ်းထား သူများက လိုက်နာခြင်းမရှိဘဲ ရန်ကုန်တစ်တိုင်းလုံး ဖယ်ရှားပေး မှသာလျှင် ဖယ်ရှားမည်ဟု ပြော ကြောင်း    ဦးနိုင်ငံလင်းက စက် တင်ဘာလ      တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြော ကြားသည်။

ကျောင်းရှေ့သက်သာဆိုင် ခန်းများသည် ၁၉၉၅ ခန့် ကစကာ ကာလတန်ဖိုးအတိုင်း သက်ဆိုင် ရာကျောင်းအုပ်ကြီး မြေရှင်အဖြစ် လက်မှတ်ရေးထိုးကာ ကန်ထရိုက်နှင့် ဝယ်ယူသူစာချုပ်ချုပ် ဝယ်ယူ ခြင်းဖြစ်ကြောင်း ဆိုင်ခန်းရှင်အချို့က ဆို သည်။

ထိုကျောင်းသက်သာဆိုင် ခန်းများကို ၂၀၁၈ မတ်လ ၃၁ ရက် နောက်ဆုံးထားဖယ်ရှားရ မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က    ညွှန်ကြားထား သော်လည်း လက်ရှိအထိ ကျောင်းသက်သာဆိုင်ခန်းအများစု ဖွင့် ထားဆဲဖြစ်သည်။

စာချုပ်ချုပ်ဆိုဝယ်ယူထား သော သက်သာဆိုင်ခန်းများ ဖယ်ရှားပေးရပါက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆိုင်ခန်းရှင်းများကို လက်ရှိကာ လတန်ဖိုးနှင့် ညီမျှသော မြေနေ ရာတစ်ခုခုစီစဉ်ပေးရန် ဆိုင်ခန်း ရှင်များက တောင်းဆိုထားသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ အ ခြေခံပညာကျောင်းများတွင်သက် သာဆိုင်ခန်း ၄,၇၀၀ ကျော်ရှိ သည်ဟု ယခင်ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာခင်စန်းရီက ပြည်သူ့လွှတ် တော်သို့ ဖြေကြားထားသည်။

No comments:

Post a Comment