Saturday, May 25, 2019

ကုန်သွယ်နိုင်မှုကဏ္ဍတွင် ရန်ကုန်တိုင်းပထမ ကုန်သွယ်ဖက် နိုင်ငံစာရင်းတွင် တရုတ်က ထိပ်ဆုံး၌ ရပ်တည်

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အောက်တိုဘာမှ မတ် လအထိ တိုင်းဒေသကြီး၊ ပြည် နယ်အလိုက်ကုန်သွယ်မှုကဏ္ဍ အကောင်အထည်ဖော်နိုင်မှု အ ခြေအနေတွင် ရန်ကုန်တိုင်းဒေသ ကြီးသည် ပါဝင်မှုအချိုးအစားအ များဆုံးဖြစ်ကြောင်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လ ပတ်အမျိုးသားစီမံကိန်းအစီရင်ခံ စာတွင် ထည့်သွင်းဖော်ပြထား သည်။

မေလ ၂၃ ရက်တွင် ကျင်းပ သည့်ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး၌ ပြည်ထောင်စုအ စိုးရအဖွဲ့က အစီရင်ခံစာပေးပို့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ မတ်လအထိ ကုန်သွယ်မှုကဏ္ဍတွင် ကျပ် ၄,၃၆၂,၈၅၂ ဒသမ ၈ သန်းဖြင့် ဦးဆောင်ပြီး ဒုတိယအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ကာ ကုန်သွယ်မှု ကဏ္ဍတွင် ကျပ် ၁,၈၉၀,၆၁၁ ဒသမ ၆ သန်းရှိပြီး တတိယနေရာအဖြစ် မန္တလေး တိုင်းဒေသကြီးမှ ကုန်သွယ်မှု ကဏ္ဍကျပ် ၁,၄၀၃,၁၉၆ သန်းရှိ ကြောင်း အစီရင်ခံစာကဆိုသည်။

အဆိုပါစီမံကိန်းအစီရင်ခံ စာတွင် ချင်းပြည်နယ်၏ကုန် သွယ်မှုကဏ္ဍသည် ကျပ်၃၈,၀၆၄ ဒသမ ၆ သန်းဖြင့် အနည်းဆုံးဖြစ် ပြီး ၎င်း၏အပေါ်တွင် ကယားပြည် နယ်ရှိနေပြီး ကုန်သွယ်မှုကဏ္ဍ တွင် ကျပ် ၄၇,၇၇၂ ဒသမ ၅ သန်းဖြင့် ရပ်တည်နေသည်။

မြန်မာနိုင်ငံ၏ အများဆုံး ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊ ထိုင်း နိုင်ငံနှင့် ၁၅ ဒသမ ၃ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၁၁ ဒသမ ၃ ရာ ခိုင်နှုန်း၊ ဂျပန်နိုင်ငံနှင့် ၅ ဒသမ ၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံနှင့် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ အခြားနိုင်ငံ များနှင့် ၃၀ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးကုန်သွယ်နိုင်ခဲ့ကြောင်း  အမျိုးသားစီမံကိန်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှအများဆုံးတင် ပို့သည့် ပို့ကုန်များမှာချုပ်ပြီးအ ထည်၊ သဘာဝဓာတ်ငွေ့၊ ပဲအ မျိုးမျိုး၊ သတ္တု၊ သတ္တုရိုင်းနှင့် ဆန်တို့ဖြစ်ပြီး သွင်းကုန်အများ ဆုံးအဖြစ် ရေနံထွက်ပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည် ထည်များ၊ သံနှင့်သံမဏိ၊ဆောက် လုပ်ရေးပစ္စည်းများ၊ မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း များဖြစ်သည်။

သွင်းကုန်အများဆုံး တင် သွင်းသည့်နိုင်ငံအဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ကန်ဒေါ် လာ ၃,၀၃၃ ဒသမ ၇ သန်း၊ စင် ကာပူနိုင်ငံမှ ကန်ဒေါ်လာ ၁,၆၄၇ ဒသမ ၄ သန်း၊ ထိုင်းနိုင်ငံမှ ကန် ဒေါ်လာ ၁,၀၇၅ ဒသမ ၂ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ကန်ဒေါ်လာ ၄၆၇ ဒသမ ၄ သန်းနှင့် အိန္ဒိယနိုင် ငံမှ ကန်ဒေါ်လာ ၄၄၄ ဒသမ ၉ သန်းဖြစ်ကြောင်း အမျိုးသားစီမံ ကိန်းပထမခြောက်လပတ် အစီ ရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ပို့ကုန်များအ နေဖြင့် ၂၀၁၈ ဘဏ္ဍာနှစ်ခြောက် လပတ်တွင် စက်မှုကုန်ချော ပစ္စည်း ကန်ဒေါ်လာ ၂,၈၇၄ ဒသမ ၉ သန်း၊ လယ်ယာထွက် ကုန်ပစ္စည်းကန်ဒေါ်လာ ၁,၇၀၈ ဒသမ ၈ သန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကန်ဒေါ်လာ ၁,၇၆၅ ဒသမ ၂ သန်း စသဖြင့်ဖြစ်သည်။

No comments:

Post a Comment