Saturday, May 25, 2019

တရားရေးဆိုင်ရာ ကောလိပ်နေပြည်တော်တွင် တည်ထောင်မည်

အုပ်ချုပ်ရေးမြို့ တော် နေပြည်တော်တွင် တရား ရေးဆိုင်ရာ ကောလိပ် (Judicial College) ကို ၂၀၁၉ အတွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြောသည်။  ‘‘Judicial College ကို ရေရှည်အခြေအနေများအပေါ် ချင့်ချိန်ပြီး နေပြည်တော်မှာ တည် ဆောက်ဖို့ ဆောင်ရွက်နေပါ တယ်’’ဟု ၎င်းက ပြောသည်။ ယင်းကောလိပ်ကို နေပြည်တော်ဥတ္တရ သီရိမြို့နယ်တွင် ဆောက်လုပ် မည်ဖြစ်သည်။



ကောလိပ်အဆောက်အအုံ တည်ဆောက်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲတောင်းခံထား ပြီး ခွဲဝေချထားသည့် ဘတ်ဂျက် အပေါ် မူတည်၍ ဆောက်လုပ် မည်ဖြစ်ကြောင်း ဦးမျိုးတင့်က ရှင်းပြ သည်။ 
ရန်ကုန်တိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၉) ကိုယ်စားလှယ် ဦးဖေချစ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် အခြားနိုင်ငံအများစုကဲ့သို့ တရားစီရင်ရေးဆိုင်ရာ သင်တန်းများ စနစ်တကျပို့ချရန်နှင့် တရားရေးကောလိပ်တည်ဆောက်ပေးရန် မေးခွန်းမေးမြန်းမှုအပေါ် ဖြေကြားခြင်းဖြစ်သည်။

‘‘တရားသူကြီးတစ်ဦးချင်း အနေဖြင့် ဂုဏ်သိက္ခာရှိမှု၊ သမာ သမတ်ရှိမှုသာမက ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုရှိရန်လည်း လိုအပ်မှာ ဖြစ်ပါတယ်’’ဟု မေး ခွန်းရှင် ဦးဖေချစ်က ဆိုသည်။

တရားစီရင်ရေး၏ပညာရပ် ကျွမ်းကျင်မှု၊ တာဝန်ခံနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင် ဆောင်ရွက်ရန်ဟူ၍ သတ်မှတ် ကာ တရားသူကြီးများ၊ တရားရုံး ဝန်ထမ်းများ၏ ကျင့်ဝတ်ပိုင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မြင့် မားလာစေရန် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေကြောင်း ဦးမျိုးတင့်က ဆိုသည်။

၂၀၀၂ ကတည်းက ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်တွင် တရားရေးသင်တန်း ကျောင်းဖွင့်လှစ်ပြီး တရားသူကြီး အဆင့်ဆင့်အတွက် မွမ်းမံသင် တန်းများကို ယနေ့အထိ ပို့ချနေ သည်။

သို့သော် ယင်းသင်တန်း ကျောင်းတွင် သင်တန်းခန်းမ အပါအဝင် အိပ်ဆောင်များသည် သင်တန်းသားဦးရေအနည်းငယ် အတွက်သာ ဖြစ်ပြီး အဆောက် အအုံများ ပျက်စီးခြင်း၊ အထောက်အပံ့ပစ္စည်းများ ပြည့်စုံမှုမရှိခြင်း တို့ ဖြစ်ပေါ်နေသည်ဟု ဦးမျိုးတင့် က ထောက်ပြသည်။  တရားစီရင်ရေးဆိုင်ရာ သင် တန်းများ စနစ်တကျ သင်ကြားပို့ ချနိုင်ရေး လိုအပ်သည့် Judicial College ဝန်ထမ်းအင်အားဖွဲ့စည်း ပုံရရှိနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စီစဉ် ထားသည်။

No comments:

Post a Comment