Saturday, May 25, 2019

ကား ၄၅ စီးဝယ်ရန် ဘတ်ဂျက်တင်ခြင်း စည်ပင်အရာရှိများအတွက်သာဖြစ်ဟုဆို

 ရန်ကုန်စည်ပင်က ၂၀၁၉-၂၀ လျာထားဘတ်ဂျက် တွင် ကား ၄၅ စီး ၀ယ်ယူရန် ထည့် သွင်းထားခြင်းသည် ကော်မတီ ၀င်၊ ဌာနမှူးနှင့် အကြံပေးပုဂ္ဂိုလ် များအတွက် မဟုတ်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြန်လည်ရှင်း လင်းသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရ၏ ၂၀၁၉-၂၀ လျာထားဘတ် ဂျက်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက Double Cap အစီး ၂၀ နှင့် ဆလွန်းကား ၂၅ စီး ၀ယ်ယူရန် ထည့်သွင်း ထားပြီး ယင်းကားများကို စည်ပင် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အကြံပေးပုဂ္ဂိုလ်များ စီးနင်းရန် ဖြစ်သည်ဟု ဦးကျော်ဇေယျ ပြော စကားကို ကိုးကား၍ မီဒီယာ အချို့တွင် ဖော်ပြခဲ့သည်။

အဆိုပါလျာထားဘတ်ဂျက် ကို လွှတ်တော်သို့ မတင်သွင်းမီ ပြည်သူ့ငွေစာရင်း ကော်မတီက စိစစ်စဉ် ယင်းကား ၄၅ စီးဝယ်ယူ မည့်အချက်ကို တွေ့ရှိခြင်းဖြစ် သည်ဟု ဦးကျော်ဇေယျက ပြော သည်။

အဆိုပါကားများသည်ကော် မတီဝင်များ၊ ဌာနမှူးများနှင့် အ ကြံပေးပုဂ္ဂိုလ်များ စီးနင်းရန် မဟုတ်ဘဲ ရန်ကုန်စည်ပင်မော် တော်ယာဉ်ဌာန၏ ရှင်းလင်းတင် ပြချက် မှားယွင်းခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ယမန်နေ့(မေလ ၂၄ ရက်)တွင် ဖုန်းဆက်ပြော ကြားကြောင်း ဦးကျော်ဇေယျ က ပြန်လည်ရှင်းလင်းပြောကြား သည်။

‘‘အမှန်မှာ ရန်ကုန်မြို့တော် စည်ပင်ဌာနရှိ ဒုတိယဌာနမှူးအ ပါအ၀င် တချို့သောအရာရှိအ ဆင့်များအား တရားဝင်အဆောင် အယောင်အဖြစ် ကားများပေးနိုင် ခြင်းမရှိခဲ့ပါ။ သို့သော် အဆိုပါ အရာရှိများနှင့် အဆင့်တူသော တခြားဌာနဆိုင်ရာ အသီးသီးရှိ နိုင်ငံတော် အမှုထမ်းများအနေ ဖြင့် ကားများရကြပါသည်။ ယခု တင်ပြသော ကားများအား ခွင့်ပြု ပါက အဆိုပါအရာရှိများအနေ ဖြင့် လုပ်ငန်းတာဝန်များအား ထမ်းဆောင်ရာတွင် ယခုထက်ပိုမို မြန်ဆန်စွာ လုပ်ဆောင်နိုင်မည် ဟု ယူဆသောကြောင့် လွှတ် တော်သို့ တင်ပြခြင်းဖြစ်ပါသည်’’ ဟု မြို့တော်ဝန်က ပြောကြောင်း ဦးကျော်ဇေယျက ၎င်း၏ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် ယမန် နေ့က ရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယမန်နေ့ညနေက ဦးကျော်ဇေယျ ထံ ဆက်သွယ်မေးမြန်းရာ ၎င်း၏ လက်ကိုင်ဖုန်း စက်ပိတ်ထား သည်။

ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသန့်ကို ဆက်သွယ်မေးမြန်းရာ အလုပ် များနေသဖြင့် လတ်တလောမဖြေကြားနိုင်သေးကြောင်း ပြော သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရ၏ ၂၀၁၉-၂၀ လျာထားဘတ် ဂျက်တွင် ပါဝင်သည့် စည်ပင်က သုံးစွဲမည့် ဘတ်ဂျက်ကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ပြည် သူ့ငွေစာရင်းကော်မတီထံသို့ မေ လ ၁၇ ရက်က တင်ပြထားခြင်း ဖြစ်သည်။

No comments:

Post a Comment